《4》

93 5 0
                                    

ပင်လယ်ရေအောက်နန်းတော်တွင်...
သစ္စာဖောက်သဝန်ဟာရေပလ္လင်အနားတောင်ကပ်ခွင့်မရတာကြောင့်
ဒေါသတကြီးသောင်းကျန်နေခဲ့သည်

"အသင်တို့ကောင်တွေစောက်သုံးကိုမကျဘူး!
မာရနတစ်ယောက်ကိုတောင်တွေ့အောင်မရှာနိုင်ဘူး "

ခလွမ်း! ခလွမ်း!

သဝန်ဒေါသကြောင့် လက်အောက်ငယ်သားတွေမှာပြားပြားဝပ်နေတော့သည်
ထိုစဥ်ငယ်သားတစ်ဦးကပြေးဝင်လာပြီး
"ဂါဝရပြုပါတယ်အရှင်"ဟု...နှုတ်ဆက်လာခဲ့သည်

"ရှာတွေ့ခဲ့လား.."

"နန်းစောင်မင်းသားမာရနရဲ့အငွေ့အသက်ကပင်လယ်ထဲမှာမရှိတော့ပါဘူးအရှင်
ကျွန်ုပ်ထင်တာမမှားရင်သူလူ့ပြည်ကိုရှောင်တိမ်းသွားတာဖြစ်ပါလိမ့်မယ်"

"တောက်!  ဝုန်း"

သဝန်သတင်းလာပို့တဲ့ငယ်သားကိုမှော်ပညာဖြင့်ထိခိုက်စေလိုက်သည်

"သူလူ့ပြည်ကိုရှောင်းတိမ်းသွားတယ်ဆိုအသင်တို့ကရှာလေ"

ထိခိုက်သွားတဲ့ငယ်သားကသူ့ရင်ဘက်သူဖိကာ
သွေးတစ်ပွက်အန်လိုက်သည်
ပြီးနောက်
"ကျွန်ုပ်ညံ့ဖျင်းမိပါတယ် အရှင်အပြစ်ပေးပါ" ဟုဆိုလိုက်သည်

"ကိုယ့်ကိုယ်ကိုညံ့ဖျင်းမှန်းသိသေးတယ်ပေါ့
သွားစမ်း! ကျွန်ုပ်မျက်စိရှေ့ကထွက်သွား
မာရနကိုဖမ်းလို့မမိမချင်းရေအောက်နန်းတော်ဆီပြန်လာစရာမလိုဘူး"

ငယ်သားကတုန်ကယင်ဖြင့်ဂါဝရပြုပြီးအခန်းထဲကထွက်သွားတော့သည်
သဝန်ကတော့နည်းနည်းမှဒေါသမလျော့သေးပေ

"ဘယ်ဘိုးဘေးက ဒီပလ္လင်ကိုတော်ဝင်သွေးသာထိုင်ခွင့်ရှိမယ်ဆိုပြီး
မှော်အတတ်နဲ့စီရင်ခဲ့တာလဲ ကျွန်ုပ်သိလို့ကတော့ အသင့်ဝိညာဥ်ကိုမြေလှန်ရှာပြီးပြန်မဝင်စားနိုင်အောင်လုပ်ပစ်မယ်!!!"

____________________

အနည်းငယ်အသားကျလာပြီဖြစ်တဲ့ ခြေထောက်တွေနဲ့ ပင်လယ်ကမ်းစပ်အနီးမာရနလျှောက်သွားလိုက်သည်
အဲ့ဒီနောက်မှာတော့ ပြာလဲ့နေသောရေပြင်ကြီးကိုငေးကြည့်နေရင်း ဖခမည်းတော်မိန့်ခဲ့ကိုပြန်စဥ်စားလိုက်သည်

🌊အဏ္ဏဝါချစ်သူ🌊Where stories live. Discover now