ရှုရှင်းရွယ်က သတိထားကာ သူမ၏လေသံပြောင်းလိုက်ပြီး ချီတုံချတုံနှင့် "အမှန်ပါ၊ စီနီယာဝမ်းနဲ့ အဲဒီသင်တန်းသား နှစ်ယောက်တည်းတွေ့တာကို ကျွန်မ အများကြီးတွေ့ဖူးတယ်၊ အဲဒီသင်တန်းသားကိုကြည့်တဲ့ စီနီယာဝမ်းရဲ့ အကြည့်တွေကလည်း ထူးဆန်းနေတာ၊ နောက်ဆုံးအကြိမ်တုန်းကဆို သူတို့က နာနေခန်းထဲမှာ နာရီဝက်ကျော်ကြာအောင် အတူရှိနေတာရယ်၊ သူတို့ထွက်လာတော့ စီနီယာဝမ်းရဲ့အဝတ်အစားတွေက နည်းနည်းဖိုသီဖတ်သီဖြစ်နေတာ ကျွန်မတွေ့လိုက်တယ်..."

စုန့်ယန်၏ပထမဆုံးတုံ့ပြန်မှုသည် ရှုရှင်းရွယ် လိမ်နေသလား၊ မလိမ်နေသလားဆိုတာမဟုတ်ဘဲ ထိုနေ့က တစ်ယောက်ယောက်ကို သူတို့အားဖမ်းမိဖို့ "အခွင့်အရေး"ဖြစ်စေပြီး သူမ၏အဝတ်အစားများ ရှုပ်ပွစေလောက်အောင်ထိ မောင်နှမနှစ်ယောက် နားနေခန်းထဲမှာ ရန်ဖြစ်နေသလားဆိုတာသာ။

သူသည် တစ်ချိန်လုံးတိတ်ဆိတ်နေဆဲဖြစ်သလို သူ့ဖုန်းကလည်း အသံသွင်းနေသေးသည်။ ထိုလူ၏တိတ်ဆိတ်မှုသည် ရှုရှင်းရွယ်အား သွယ်ဝိုက်သောနည်းဖြင့် အားပေးနေပြီး သူမသည် အစီအစဉ်ရိုက်ကူးနေစဉ်တွင် ဝမ်းလိနှင့် ထိုသင်တန်းသားတို့ကြားက သံသယဖြစ်ဖွယ်အချက်များအကြောင်းကို ဆက်လက်ပြောပြလာသည်။

"စီနီယာဝမ်းက ပုံမှန်ဆို အရမ်းကောင်းတဲ့သူတစ်ယောက်ပါ၊ ကုမ္ပဏီမှာဆို သူမက ကျွန်မကို ဂရုစိုက်ပေးတယ်ရယ်၊ ကျွန်မသာ အကြိမ်ပေါင်းများစွာမတွေ့ခဲ့ရင် သူမ ရှင့်အပေါ်ဖောက်ပြန်နေတယ်လို့ ယုံမှာမဟုတ်ဘူး၊ ပြီးတော့ ဒါက ရှင်နဲ့ရှင့်မိန်းမကြားက ကိစ္စပါ၊ ကျွန်မက အပြင်လူတစ်ယောက်ဆိုတာသိသလို ဝင်စွက်ဖက်ဖို့လည်း မသင့်တော်ဘူးလေ၊ ကျွန်မက တခြားသူရဲ့စီးပွားရေးမှာ ဝင်စွက်ဖက်နေတယ်လို့တောင် ပြောလို့ရပါတယ်၊ ဒါပေမယ့် ကျွန်မဝင်စွက်ဖက်နေရင်တောင် ရှင်အမှောင်ထဲမှာပဲဆက်ရှိနေမှာကို ကျွန်မ မလိုချင်ဘူး စုန့်လောင်ရှီး၊ စီနီယာဝမ်းက ဘာလို့ရှင်ကို စိတ်လိုလက်ရနာကျင်စေတာဆိုတာ ကျွန်မတကယ် နားမလည်နိုင်ဘူး၊ ကျွန်မသာဆိုရင်...."

ရှုရှင်းရွယ်က ဝမ်းနည်းညိုးငယ်နေဟန်ဖြင့် "ထားလိုက်ပါ၊ ကျွန်မ ကယောင်ချောက်ချားဖြစ်နေတာဘဲ၊ စုန့်လောင်ရှီး ရှင့်အပေါ်ထားတဲ့ ကျွန်မ့ခံစားချက်တွေကို ရှင်ဘာလို့ ဂရုမစိုက်ရတာလဲ?၊ ဒါပေမယ့် ရှင်စိတ်မရှိဘူးဆိုရင် စီနီယာဝမ်းကြောင့် နာကျင်တာကို ခဏမေ့ထားနိုင်ဖို့ ကျွန်မကူညီပေးနိုင်မယ်ဆိုရင် ကျွန်မ အချိန်မရွေးရှိနေပေးမယ်"

ထိပ်တန်းစုံတွဲက နည်းနည်း​လေး​တော့ချိုမြိန်တယ် [MM Translation]Where stories live. Discover now