''မမ''

''မခေါ်နဲ့''

ပြောပြီး ကုတင်ပေါ်က ဆင်းပြေးမယ်ကြံတယ်။
ရမလား။

လက်ကို ပြန်ဆွဲတော့
ဘာဒါ့ကိုယ်ပေါ်ပြန်ကျတယ်။

''ချစ်တယ်''

မျက်လုံးအဝိုင်းသားနဲ့မော့ကြည့်တယ်။

''မိုးလင်းနေပြီ သွားရအောင်''

''မမကို တာဝန်ယူမှာပါ''

ပြောပြီး လွှတ်ပေးလိုက်တော့
ကုတင်ပေါ်က ပြေးဆင်းသွားတော့တယ်။
ချစ်တယ်ပြောတာတောင်
အဖက်လုပ်မသွားဘူး ..

နှစ်ယောက်သား ပြင်ဆင်ပြီး အပြင်ကိုပြန်ထွက်တော့
မိုးလည်းတိတ်နေပြီ။
ကားပေါ်ရောက်တော့

''ဗိုက်ဆာနေပြီလား''

''ဟင့်အင်း''

''ရှေ့နားမှာ ဆိုင်ရှိမယ်ထင်တယ်''

ကားထဲရောက်တော့လည်း ကားတံခါးနားကပ်ပြီး ထိုင်နေလိုက်တာ
lockသာမချထားရင် ပြုတ်ကျသွားမလားမသိဘူး။

''ဘာလို့ထောင့်ကပ်နေတာလဲ''

ပြောပြီး လက်ကောက်ဝတ်ကိုဆွဲတော့
အတင်းပြန်ရုန်းတယ်။

''ဒီလိုပဲ ထိုင်တတ်တယ်''

လေသံပျော့ပျော့လေးကြောင့်
လှည့်ကြည့်လိုက်တော့
သူ့ဘက်ကို လှည့်တောင်မကြည့်ဘူး။

''မမ''

ပြောပြီး ကားရပ်ကာ
မျက်နှာကိုအတင်းလိုက်ကြည့်တော့
သူ့ကိုလန့်နေပုံရတဲ့မမက
နည်းန​ည်းလေးတောင်မျက်လုံးချင်းမဆုံ။
ပေါင်ပေါ်တင်ထားတဲ့လက်လေးက ဂါဝန်စကိုကျစ်နေအောင်ကိုင်ထားတာကြောင့်
စိတ်တောင်မကောင်းဘူးဖြစ်သွားတယ်။
အခွင့်အရေးယူလွန်းတဲ့သူလို့မြင်သွားပြီလား။

......

တစ်လမ်းလုံးစကားမပြောရဲပဲ
ငြိမ်လိုက်လာမိတယ်။
လက်ရဲဇက်ရဲနိုင်လွန်းတဲ့ ဘာဒါကြောင့်
လူလည်းနှလုံးရောဂါဖြစ်တော့မယ်။
ဒါတောင် ထောင့်ကပ်နေလို့တဲ့ အတင်းဆွဲနေသေးတာ။
လက်တစ်ဖက်ထဲနဲ့စတီယာတိုင်ကို ကိုင်ထားပြီး နောက်တဖက်က အလယ်ကတန်းပေါ်တင်ထားကာ ချယ်ယောင်းကိုဖက်ဖို့အဆင်သင့်ဖြစ်နေသလိုမျိုး သူ့ပုံကြောင့် တည့်တည့်ရော ဘယ်သူကထိုင်ရဲပါ့မလဲ။

မင်းနဲ့တွေ့ပြီးတဲ့နောက်Donde viven las historias. Descúbrelo ahora