.........

ချယ်ယောင်းနိုးလာတော့ ထင်တဲ့အတိုင်းပဲ သူ့ရင်ခွင်ထဲမှာ သူ့လက်မောင်းမှာခေါင်းအုံးလို့။
မျက်လုံးဖွင့်ဖွင့်ချင်း သူ့မျက်နှာချောချောမြင်ရတော့ ရင်ထဲက ဒုတ်ကနဲ။
ပတ်ချယ်ယောင်း
အသိစိတ်ကပ်ဦး။
ထချင်ပေမယ့် နိုးသွားမှာလည်းကြောက်တယ်။
စောသေးတယ်လေ။
သူအရင်နိုးမှ ဖြစ်မယ်။
မဟုတ်ရင် ရှက်စရာ။
ဖက်ထားတာကလည်း တင်းနေတာပဲ။
ရင်ဘတ်တွေတောင်နာနေပြီ။
ဘာတွေစားလို့ ဒီလောက်တောင်အားရှိနေတာလဲ။
နှာတံချွန်ချွန်အောက်က ပိရိသေသပ်တဲ့နှုတ်ခမ်းထူထူကို ကြည့်မိတော့ မျက်နှာကရဲကနဲ။
ရင်ခုန်မိနေကျ သူ့လည်စိသေးသေးကို အနီးကပ်ကြည့်မိပြီး လူက ကတုန်ကယင်။
သြော် ကောင်လေးရှိတဲ့လူတဲ့လား။
သပ်သပ် မထိတထိလုပ်နေရုံပဲမလား။
သူ့ကိုယ်သူဆော်ကြည်တယ်ဆိုပြီး ဘဝင်မြင့်နေတာနေမယ်။
ကြည့်စမ်း ကျောင်းကကောင်မလေးတွေကိုလည်း ဒီလိုပဲလား။
ရှေ့ကဖြတ်သွားရင် မျက်စိမှိတ်ပြနေမယ့်ရုပ်။
မုန်းစရာကောင်းလိုက်တာ။

.........

ဘာဒါနိုးတော့ ရင်ခွင်ထဲက အလှလေးကို ငုံ့ကြည့်လိုက်တယ်။
အိပ်နေပုံလေးက လှလိုက်တာ။
စိုက်ကြည့်ရင်း ရင်တွေခုန်လာတာမို့
ငုံ့ပြီး နှုတ်ခမ်းလေးကိုနမ်းလိုက်တယ်။
ထိရုံလေးနမ်းမိရာကနေ နူးနူးညံ့ညံအထိအတွေ့လေးကို ဘယ်တော့မှ မလွန်ဆန်နိုင်ခဲ့တဲ့အတိုင်းပဲ အောက်နှုတ်ခမ်းလေးကို အသာစုပ်မိတော့
ရင်ဘတ်ပေါ်တင်ထားတဲ့ သူမလက်က သူ့အင်္ကျီရင်ဘတ်စကို တင်းခနဲဆုတ်တယ်။

နိုးနေပြီပဲ..

ကြည့်စမ်း ရင်ခွင်ထဲငြိမ်ပြီး အိပ်ချင်ယောင်ဆောင်နေတယ်ပေါ့..
နှုတ်ခမ်းလွှာတွေကို ဆက်ပြီးစုပ်ယူနမ်းရှိုက်နေလိုက်တယ်။
အပေါ်နှုတ်ခမ်းလွှာကိုစုပ်လိုက် အောက်နှုတ်ခမ်းကိုစုပ်လိုက်နဲ့ အားမရဖြစ်လာတော့
ခံတွင်းထဲကို ကျူးကျော်ချင်လာတယ်။
အိပ်ချင်ယောင်ဆောင်နေသူတစ်ယောက်က သွားစေ့ထားတော့ ဘယ်လိုမှ ဝင်လို့မရ။
သူ့လက်က မမကျောပြင်ကိုဖက်ထားတာ။
အဲဒါကလည်း အဲ့အင်္ကျီထဲလက်ထည့်ပြီး အသားအရည်ချောချောမွေ့မွေ့လေးကို
ထိထိမိမိခံစားပြီးတော့ပေါ့။
နှုတ်ခမ်းတွေကို သိမ်းပိုက်နေရင်း
ကျောပြင်တစ်လျှောက် ရွေ့လျားပွတ်သပ်နေမိတော့
ကျောက အထိအတွေ့ကိုရှောင်ချင်တာနဲ့
သူမက ရှေ့ကိုတိုးတယ်။
ရှေ့ကိုတိုးလေ သူ့ရင်ခွင်ထဲနစ်လေ။
နှုတ်ခမ်းတွေဆီ အားစိုက်မိလေ။
ကျောက လက်က braချိတ်ကို ဖြုတ်မလိုကိုင်လိုက်တော့
လန့်သွားပုံရတဲ့သူမက နှုတ်ခမ်းလေးဟသွားတယ်။
ခွင့်ပြုချက်ရသွားသူတစ်ယောက်လို လျှောကနဲဝင်သွားတဲ့သူ့လျှာနဲ့ သူမလျှာကို ရစ်ပတ်လိုက်တယ်။
လျှာဖျားလေးကို အငမ်းမရစုပ်ယူနေမိပြီး
လက်ကလည်း ခါးလေးကို ဆွဲကပ်ပြီး အတင်းပူးကပ်နေမိတယ်။
ရင်ဘတ်ကို အသာတွန်းလာပြီး မောဟိုက်လာပုံရတဲ့မမက
သူ့လျှာအောက်မှာ အလူးအလဲ။
စိုစွတ်မှုတွေကူးလူးနေပြီး
နမ်းနေတဲ့အသံက အခန်းထဲ ခပ်သဲ့သဲ့။
လက်က braချိတ်ကို ဖြုတ်လိုက်တာနဲ့
အတင်းရုန်းတော့တယ်။
အစကတော့ လွှတ်မပေးချင်ပေမယ့်
ငိုသွားမှာစိုးလို့ လွှတ်ပေးလိုက်တော့
ထင်တဲ့အတိုင်း
မရွှေချောက နှုတ်ခမ်းတွေတဆတ်ဆတ်တုန်
ပြီး မျက်ရည်ဝဲနေပြီ။

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now