မောင့်သက်ဆိုင်သူ❤️ (5)

3.9K 64 0
                                    

"အင်ကြင်းခရဲ့ နင့်ရဲ့ကိုယ်တော်ချောကရောက်မလာသေးဘူးနော် မလာတာလားမသိပါဘူး"

"အမယ် လာမှာပါနော် ငါစည်းရဲ့သူငယ်ချင်း‌ခေတ်ကိုဖိတ်ခိုင်းထားတာ"

"ဟဲ့ ဟိုးမှာ အတွဲလေးချစ်စရာလေးပဲ ဒါနဲ့ဘေးကစည်းတံတိုင်းမလား"

"ဟင်!"

Partyကလူအကုန်လုံးငေးကြည့်ရလောက်တဲ့ထိကို စည်းတို့ကအာရုံဖမ်းစားနိုင်သည် အသားကဖြူ မျက်ခုံးကောင်းကောင်း နှာတံသွယ်သွယ် နှုတ်ခမ်းကရဲနေသေးသည် ကြက်သွေးရောင်အင်္ကျီနဲ့ လူငယ်ဆန်ပြီးကြည့်ကောင်းသည်။ စည်းရဲ့လက်ကိုချိတ်ပြီးပါလာသူလေးက အနီရောင်ဂါဝန်လေးနဲ့အတော်လှသည်။

"မောင့် ငါကြောက်တယ် ဒီလိုမျိုးကလူအရမ်းများတာ"

"မောင်ရှိပါတယ်ဗျာ ခဏပဲ ပြီးရင်ပြန်ကြမယ်"

ပွဲကိုရောက်ထဲ ခေတ်မင်းနောင်လာခေါ်တာလည်းအဖတ်မလုပ်တော့ စည်းကိုအသဲကယားနေပြီလေ။

"တစ်စုံတစ်စည်းတို့ကတော့ မိန်းမကိုကော်နဲ့ကပ်ပြီးထားတော့တာပဲ"

"ဘာကွ မကျေနပ်ရင် ယောက်ျားယူလိုက်"

"အေးပါ တွေ့မယ် ငါ့အသဲလေးပြန်ကြိုက်မှ ယောက်ျားကိုပျော်ပျော်ကြီးယူမှာ"

"ဟာ မင်းကွာ ဘယ်ကထဲကလင်လိုချင်နေတယ်မသိ"

ရယ်မောပြီး အပြတ်အသတ်ဖဲ့နေကြတဲ့ ဒီသူငယ်ချင်းနှစ်ယောက်ကတော့ တကယ်မနိုင်ဘူး။

အင်ကြင်းခလည်း စည်းတို့အနားလျှောက်လာပြီးအတင်းဝင်ရောတော့သည်။

"ခရဲ့ပွဲကိုလာပေးလို့ ကျေးဇူးပါနော် စည်း"

"‌ဪ ဒီကောင်ကအိပ်နေတာအတင်းနှိုးပြီးလာခေါ်လို့လေ"

"ဒါဆို ခေတ်ကိုကျေးဇူးတင်ရမှာပေါ့ ဟင်းဟင်း"

"မိတ်ဆက်ပေးရဦးမယ် ဒါက ကျွန်တော့်အမျိုးသမီး‌မြဖူးငုံတဲ့ မိန်းမဒါက မောင်တို့ကျောင်းကအသိပေါ့"

ဟင်! အံ့ဩသွားရသည် ခကစည်းကိုချစ်တာလေ ဘာလို့လက်ထက်သွားရတာလဲ ခလိုချင်တာကို ခမှမရရင် အခြားသူလည်းမရစေရဘူး။

မောင့်သက်ဆိုင်သူ❤️Where stories live. Discover now