မောင့်သက်ဆိုင်သူ❤️ (3)

4.3K 76 0
                                    

ကားစီးလာရတာအတော်ဝေးသည် တခါမှမရောက်သည့်နေရာမလို့စိမ်းသက်ပြီးကြောက်နေမိသည် သူ့ဘက်ကအသိုင်းကသဘောတူပါ့မလား မြဖူးကတောသူဆိုတော့နှိမ်လေမလား တွေးကြောက်နေရသည်။ ချစ်လို့ယူထားသည်လည်းမဟုတ် မှားလိုယူထားရသည်သာ ခြံဝန်းကျယ်ကြီးရှေ့‌တွင်ကားကရပ်သွားသည် ခြံစောင့်ဖြစ်ဟန်တူသောဦလေးကြီးကတံခါးလာဖွင့်ပေးသည် ခြံရှေ့တွင်အလှပန်ပင်အစုံ နှင်းဆီပန်းကပိုများသည် အိမ်ကနှစ်ထပ်အိမ်အကြီးကြီးပင်။ ဘယ်သူတွေနဲ့တွေ့ရမည်သာမသိ သူကလည်းတစ်လမ်းလုံးအဖတ်မလုပ် အတော်ကောင်းသည့်ယောက်ျား မြဖူးတော့မီးစင်သာကြည့်က‌ရတော့မည်လေ။

"ဒီမှာ ခင်ဗျား ဘာကြောင်နေတာလဲ ဆင်းလေ လာ"

".........."

"ဪ... ကဲ.. လာပါဆိုနေ ကျုပ်လက်ကိုဆွဲ"

"အင်းပါ ဖြေးဖြေးပြောလည်းရပါတယ်"

"မရဘူး လာဗျာ ကျုပ်စိတ်သိပ်ရှည်တာမဟုတ်ဘူး"

"ညဘက်အိပ်ယာထဲတော့မပြီးနိုင်မစီးနိုင်ရှည်တယ်မလား" လို့ပြန်ပြောလိုက်ချင်ပေမယ့် အိမ်ရှေ့ကြီးမှာဖြစ်နေလို့ ပြီးတော့မသိသည့်နေရာမလို့ပြန်မပြောတော့ပါ။ သူ‌ကမ်းပေးတဲ့ သူ့လက်ကိုကိုင်ပြီးအိမ်ထဲဝင်လာခဲ့လိုက်သည်။

"မြေး ဒီမိန်းကလေးကဘယ်သူတုန်း"

"သားမိန်းမ သုခတို့စီအလည်သွားရင်ရလာတဲ့မိန်းမဗျာ"

"ဟယ် ဒီကလေးနှယ် ဖွားအေကိုလည်းအသိမပေးပဲ"

"သားရေသွားချိုးမလို့ သူ့ကိုအဖွားပဲခေါ်ထားလိုက်ဦး"

"ဟေ! ဟဲ့ ဒီခွေးကောင်လေးကတော့"

"ကဲ သမီးမြင်တဲ့အတိုင်းပဲ ဒီလိုကောင်ကိုဘာလို့ယူသတုန်း"

"ရှင်! ဟို... ဟို.. "

"မကြောက်နဲ့ ပြောပါ ဖွားကိုအကုန်ပြောပြပါဦး"

"ဒီလိုပါ ဖွားဖွား ........"

အကြောင်းစုံရှင်းပြလိုက်တော့ စည်းရဲ့အဖွားမှာ စည်းကိုအပြစ်ပြောတော့သည်။

"ကဲ ရေချိုးပြီးပြီလား ပြောပါဦး"

"ဖွားကသဘောမတူလို့လား"

မောင့်သက်ဆိုင်သူ❤️Where stories live. Discover now