ကိုယ်ကလူသားမှမဟုတ်ဘဲ

Start from the beginning
                                    

''တကယ်တော့ ဆရာဝန်ပြောတာ မှန်ပါတယ်။ ကျွန်တော်က ကြောက်နေရုံပါပဲ။ ကျွန်တော်တို့က သဘာဝလွန်ယုံကြည်ခြင်းကို ဖယ်ရှားပစ်ပြီး သိပ္ပံပညာရပ်ကိုပဲ ယုံကြည်ရမယ် ၊ ဒီလိုလုပ်မှပဲ ကျွန်တော်တို့ရဲ့ နေ့ရက်တွေဟာလည်း ငြိမ်းချမ်းခြင်းနဲ့ အဆုံးသတ်လိမိမ့်မယ်''

ယုံကြည်မှုအရိပ်အယောင်တွေကို သူ့အမေမျက်နှာပေါ်ကနေ အသေအချာလုံလုံလောက်လောက် ဖမ်းမိသွားမှပဲ ရှောင်းလင်က ဘာသာ စိတ်သက်ရာရသွားတဲ့သက်ပြင်းခိုးရှိုက်မိတယ်။ တကယ်လို့ သူ့အဖြေကသာ ချက်ကောင်းမထိသွားခဲ့ရင် မနက်ဖြန်လောက်ဆို သူ့ဆရာဝန်ကိုထပ်ပြောင်းလောက်ရရောပေါ့လို့ အတွေးဝင်ရင်းပေါ့။

ဒီကိစ္စရပ်နဲ့ ပတ်သတ်တဲ့ စကားတစ်လုံးကိုတောင်မှဘဲ ဘယ်တစ်ဦးတစ်ယောက်ကိုမျှ ထပ်ပြီး မပြောတော့ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ရက်အနည်းငယ်အကြာမှာ သရဲက သူ့ဘာသာ ထွက်သွားတာမျိုးလည်း ဖြစ်နိုင်တာပဲ။

အိမ်ပြန်ရောက်လာတော့ ရှောင်းလင်က သရဲကို မေးတယ်

'' ခုထိ ဘာကိုမှ မမှတ်မိသေးဘူးလား''

တကယ်လို့ သရဲရဲ့ ဆွေမျိုးတွေကိုသာရှာနိုင်ခဲ့ရင် သရဲရဲ့ မပြည့်သေးတဲ့ ဆန္ဒတွေ ပြည့်သွားပြီး မြန်မြန်လေး လူပြန်ဝင်စားနိုင်မှာပဲ။

သရဲ,'' ငါခံစားရတာက ဆေးရုံနဲ့ တော်တော်လေးကို အကျွမ်းတဝင်ရှိတာပဲ။ဖြစ်နိုင်တာက ငါဆေးရုံမှာ အလုပ်လုပ်ခဲ့တာများလား?''

ရှောင်းလင်,''သေသွားတဲ့နောက်လည်းဖြစ်နိုင်တာပဲ။ ခင်ဗျားခန္ဓာကိုယ်ကို မီးသဂြိုလ်ဖို့ ဘယ်သူမှ ရှာမတွေ့လို့ ရေခဲတိုက်ထဲမှာပဲ လဲလျောင်းနေရသေးတာ နေမှာပေါ့''

သရဲ,''..........''

သူ တိတ်ကျသွားသည်။ ရှောင်းလင်က သူ့စကားတွေက သရဲရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းကိုများ ထိခိုက်သွားစေသလားလို့ စိုးရိမ်လာသည်။ပြီးတော့ ကိုယ့်ဘာသာကိုယ် စိတ်သက်သာလိုသက်သာငြား

''ကျွန်တော်ဒီတိုင်းပဲပြောလိုက်တာပါ။ခင်ဗျားက လူကောင်းတစ်ယောက်၊ကျွန်တော့်ကိုတောင်လူစားထိုးဖို့မလုပ်ခဲ့ဘူး၊ခင်ဗျားက ဉာဏ်လဲကောင်းလို့ သချင်္ာနဲ့ တရုတ်စာမှာလည်း ထူးချွန်သေးတယ်။ ခင်ဗျားက လေးစားကြည်ကြိုခံရပြီး အောင်မြင်ကျော်ကြားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လို့ ခင်ဗျားခန္ဓာကိုယ်ကို မီးမသဂြိုလ်ဘဲ ချန်ထားရစ်ခံရတာမျိုး ဖြစ်မှာမဟုတ်လောက်ဘူးလို့ ကျွန်တော်သေချာပေါက်ပြောရဲပါတယ်။''

ကျွန်တော် သရဲနဲ့ကြုံခဲ့ရတယ်Where stories live. Discover now