053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု

Start from the beginning
                                    

ဟဲကျင့် မျက်လုံးပြူးသွားသည်။ သူနှင့် အလွန်နီးကပ်နေသည့် မီး၏မျက်နှာကို မယုံနိုင်စွာ ကြည့်နေမိသည်။ ​နောက်​တစ်​စက္ကန့်​တွင်တော့​ နှုတ်​ခမ်းတစ်​စုံသည် သူ့ကိုယ်ပိုင် နှုတ်ခမ်းပေါ်သို့ တင်းတင်း
ကြပ်ကြပ်​ ဖိကပ်လိုက်တော့သည်။

သူ့ဦးနှောက်ကြီး ဗလာဖြစ်သွားပါပြီနော်

ဂိမ်းရှိဇာတ်ကောင်များသည် ဖိုတိုရှော့နှင့်ပြင်ထားသကဲ့သို့ထင်ရှားသည့် မျက်ခုံး၊ မျက်လုံး၊ နှာခေါင်း၊ နှင့် အပြစ်အနာအဆာကင်းသော အသားအရေများပါရှိသည်။ တကယ့်လက်တွေ့ဘဝမှချောမောလှပသည့် ယောက်ျားမိန်းမတွေနှင့်မတူပေ။ မီး ရဲ့ အ
သွင်အပြင်က နူးညံ့ပြီး ချောမောခြင်းမရှိပေမယ့် အထူးသဖြင့် သူ့မျက်လုံးတွေက ဆွဲဆောင်မှုရှိပြီး အသက်ဝင်လွန်းလှပါ၏.. ထိုအချိန်တွင် ဟဲကျင့် သည် လက်တွေ့ဘဝတွင် သူသိသော သူငယ်ချင်းတစ်ယောက်နှင့် ရုတ်တရက် ဆက်စပ်မိသွားခဲ့သည်။

အဲ့ဒီလူကတော့ ချင်ယွီပင်။

မီးက ပြုံးလိုက်သည် သူ့မျက်လုံးထဲတွင် ထင်ဟပ် နေသောအပြုံးက သိသိသာသာပင်။ အားကျင့် ၏ နှုတ်ခမ်းနှင့် အလွန်နီးကပ်သောကြောင့် သူသည် သူတို့၏ ကိုယ်ဟန်အနေအထားကို ပြောင်းလဲကာ တစ်ခုခုကို ယပ်ရန် လျှာထုတ်လိုက်ခြင်းကဲ့သို့ အသစ်တစ်ခုကို စမ်းကြည့်ရန် တွန်းအားတစ်ခု ခံစားရသည်။ ကံမကောင်းစွာဖြင့် ဆာဗာတစ်ခုလုံးတွင် ပထမအဆင့်မာစတာဖြစ်နေသော်လည်း ဂိမ်းရဲ့ နယ်နိမိတ်ကို ချိုးဖျက်ဖို့  အခွင့်ထူးမပေးခဲ့ပေ။

သုံးစက္ကန့်အကြာတွင် ဟဲကျင့် ၏စိတ်က ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိလာသည်။ သူ့နားထဲတွင် "ဒင်" အသံမြည်လာကာ တာဝန်ပြီးမြောက် ကြောင်း ညွှန်ပြနေသကဲ့သို့ သူ၏နှလုံးသည် လည်း ဒရမ်တစ်ခုလို ပြင်းထန်စွာ ခုန်နေလေသည်။
ဟဲကျင့် သည် မီး ကို တွန်းဖယ်လိုက်ကာ ခြေလှမ်းများစွာ နောက်ဆုတ်လိုက်သည်။ သူ့မျက်နှာက တိမ်နီတွေလို နီရဲလာပြီး ဘယ်ကိုကြည့်လို့ ကြည့်ရမှန်း လည်း မသိတော့ပေ။...

"ငါ၊ ငါအရင်သွားတော့မယ် ကောင်းသောညပါ"

ဤစာကြောင်းကိုပြောပြီးသည့်နောက် ဟဲကျင့် သည် မီး နှင့် စုံတွဲတာဝန်ကို ဆက်လက်မလုပ်ဆောင် နိုင်တော့ဘဲ ဉီးထုပ်ရဲ့ မှန်ဘီလူးကို ချက်ချင်းဆွဲထုတ်ကာ အော့ဖ်လိုင်းဖြစ်သွားခဲ့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now