051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း

Start from the beginning
                                    

လူကို ဒီလိုတွေကိုက်နေတာ သူဘာလို့ သူ့တိရစ္ဆာန်ပုံစံနဲ့ ပိုတူတူလာရတာလဲ!

ဘုရားရေ ဖာရက်ပုံစံပြောင်းလဲ ပြီး အခြားသူရဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်လာပြီးနောက် သူရဲ့ စိတ်
ဓာတ် ကလည်း တစတစ ပြောင်းလဲလာတာများလား ဟင်!? QAQ

ဟဲကျင့် က ကမန်းကတန်း လွှတ်လိုက်သည် ။ သူ့လည်ပင်းကို ကောက်ကွေးပြီး သူ့မျက်နှာကို သားမွေးထဲမှာ ဝှက်ထားလိုက်တော့သည်။

မီးသည် ဖာရက်၏လည်ပင်းနောက်ဘက်ရှိ သားမွေးကိုထိ၍ စူးစူးစိုက်စိုက်ကြည့်နေသည်။ဟဲကျင့် ကဲ့သို့ အေးဆေးပြီး ဘာမှမထူးခြားသော လူတစ်ယောက်အတွက် ဒီဆက်ဆံတဲ့ ပုံစံ သည် နူးညံ့သိမ်မွေ့သော လမ်းညွှန်မှုတစ်ခုနှင့် နှိုင်းယှဉ်ပါက သူ့အား ပို၍ စိတ်ထဲရှိစေမည်ဖြစ်သည်။

မင်းငါ့ကို ကိုက်တာ၊ ငါ့ကို ညည်းညူတာ ဘာပြဿနာမှ မရှိဘူး။ ရန်ဖြစ်တာ ဒါမှမဟုတ် နှောက်ယှက်တာကိုလဲ လုပ်လို့ရတယ်။  မင်းရဲ့တုံ့ပြန်မှုက ပိုအားကောင်းလေလေ ငါပိုပျော်လေလေပဲ  ဘာလို့လဲဆိုတော့ ဂိမ်းထဲမှာပဲ ဖြစ်ဖြစ် လက်တွေ့မှာပဲဖြစ်ဖြစ် မင်းငါ့ကို မမေ့နိုင်မချင်း ငါ့ရဲ့တည်ရှိမှုကို လေးလေးနက်နက်ခံစားစေချင်တာကြောင့်ပါ။

မကျေနပ်ချက်အချို့ခံစားရသော်လည်း ဟဲကျင့်သည် အရွယ်ရောက်ပြီးသူဖြစ်၍ ထာဝရစိတ်မကောက်နိုင်ပေ။ ခဏတာ စေ့စပ်ညှိနှိုင်းပြီးနောက် မကြာမီမှာပင် သူ ငြိမ်သက်သွားခဲ့သည်။

ယနေ့လေ့ကျင့်ရေးသည်  အချည်းနှီးမဟုတ်ခဲ့ပေ။ ဖာရက်လေးသည် လျှို့ဝှက်ဆန်းကြယ်အရည်အချင်းအသစ်ကို ထပ်မံဖွင့်နိုင်ခဲ့သည်။

ဒီတစ်ခါတော့ "ဖုံးကွယ်ခြင်း" ပေ။ အသုံးပြုသောအခါတွင် ပြိုင်ဘက်အား ခဏတာ ရူးသွပ်စေမည့် အခွင့်အလမ်း 80% ရှိပြီး ၎င်းတို့လှည့်လာသည်နှင့် ပစ်မှတ်ပြောင်းလဲရန် အတင်းစေခိုင်းနိုင်သည်။  ဟဲကျင့် သည်ရေသေ ၏ စနစ်အိမ်မွေးတိရစ္ဆာန်  က ထိုစကေးအားအသုံးပြုခဲ့သည်ကို ယခင်က မြင်ဖူးသည်။

ဤအောင်မြင်မှုအသစ်ဖြင့် ဟဲကျင့်သည် ဘယ်လိုပင်ခက်ခဲတဲ့ လမ်းဖြစ်ခဲ့ပါစေ  အနည်းဆုံးတော့ သူလည်း ပိုသန်မာလာသည်ဟု သူ့ကိုယ်သူ ဖြေသိမ့်ခဲ့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now