"မသိပါဘူး"

"ဒါလင့်အချစ်တွေကို ဟန်နီသိပါတယ်ကွာ။
တချို့ညတွေဆို ဟန်နီအိမ်မပြန်နိုင်တဲ့အထိ
ချစ်ပေးတာကို မေ့သွားတာလား"

"တို့လည်း ဒါ့လင်အချစ်တွေကိုသတိရနေပါတယ်။ ဒါပေမဲ့လည်း နောင်ရေးအတွက်လေ။
အတူနေရတဲ့အခါ ဒါလင့်စိတ်တိုင်းကျဖြစ်စေရမယ်"

"ကိုယ့်စကားနဲ့ကိုယ်ပဲနော် ဟန်နီ "

"ဟုတ်ပါပြီကွာ ဒါနဲ့သမီးရောလို့"

"သမီးက သင်တန်းတစ်ခုတတ်နေတယ်လေ။ ညနေသွားကြိုရမှာ ဟန်နီလိုက်မလား"

"လိုက်မှာပေါ့ အပြန်ကျရင် ဒါလင့်အတွက်အင်္ကျီတွေဝယ်ပေးရမယ်"

"ချစ်တယ်ဟန်နီ"

ခပ်ချွဲချွဲထွက်လာတဲ့ ဂျွန့်အသံက
အော်ရီယာနာ့ကိုညို့ယူနိုင်သည်။
အတူနေကျတဲ့အချိန် ဂျွန့်ပါးစပ်ကနေ
သူမနာမည်ကိုခေါ်ပေးတာသဘောကျသည်။
ဂျွန်ဆိုတဲ့လူသားဟာ သူမအတွက်တော့ရုန်းထွက်မရတဲ့ ထောင်ချောက်တစ်ခုပါပင်။

"လင်ငယ်နဲ့ဖောက်ပြန်ပြီးကျေနပ်နေတာ မြင်လို့တောင်မကောင်းဘူး အော်ရီယာနာရယ်"

သူမအတွေးပျက်သွားအောင် နှောင့်ယှက်လိုက်သူက ကမ္ဘာသူဆိုတဲ့ကောင်သာ...
ကုတ်အင်္ကျီကိုပခုံးပေါ်ပစ်တင်ရင်း မကျေမနပ်ကြည့်နေတာက ဖုန်းပြောနေတာကိုကြားသွားတာလို့ဆိုလိုတာလား။

"ရှင် ဘယ်အချိန်ကတည်းကရောက်နေတာလဲ"

"ဘာလဲ မင်းလင်နဲ့ပြောနေတာတွေကို ကြားသွားမှာစိုးရိမ်လို့လား"

"မစိုးရိမ်ပါဘူး။ရှင်လည်း ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့နေသလို... ငါကလည်းကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့နေတာပဲ"

"အေး ဒါပေမဲ့ ငါကမင်းလိုတော့အိမ်ထဲမှာဖြစ်ချင်တိုင်းဖြစ်နေတာမဟုတ်ဘူး"

"ဟွန့် မဆိုင်တာတွေမပြောစမ်းနဲ့ကမ္ဘာသူ။
ဒီအိမ်ကိုမရောင်းလို့ မကျေနပ်ဖြစ်နေတာမလား။ ရှင့်ကိုလည်း ကြုံတုန်းပြောထားအုံးမယ်
ငါ့ပတ်ဝန်းကျင်ကို ရှင့်ကောင်မတွေခေါ်မသွားနဲ့ သိက္ခာကျတယ်။ ရှင်ကသာ အသိုင်းအဝိုင်းမရှိတာ၊ ငါ့မှာတော့ ငါ့အသိုင်းအဝိုင်းကကျန်နေသေးတယ်... အဲ့တော့ မကွာရှင်းခင်အထိကတော့ဆင်ခြင်ပေးစမ်းပါ"

My Baby GirlWhere stories live. Discover now