ရှောင်းလင် ဒုက္ခရောက်ပြီ

Start from the beginning
                                    

တနေကုန်လုံး ဒီဖိနပ်ကိုပဲ စီးထားခဲ့တာမို့ ဖိနပ်ပေါ်က သွေးကွက်တွေက ခြောက်သွေ့သွားလို့ နီညိုရောင်ပြောင်းသွားပြီး အဲ့ဒီအရောင်က ဖိနပ်နဲ့ ရွှံဗွက်အိုင်ထဲ နစ်ကျထားသလို ထင်ရနေစေတယ်။

ကြောက်မက်ဖွယ်ရာမှတ်ဉာဏ်တွေက ရေလှိုင်းလုံးကြီးတွေလို အပြေးအလွှားနဲ့ သူ့စိတ်ထဲကို ပြန်ရောက်လာလို့ ရှောင်လင်းက တုန်လှုပ်ခြောက်ချားလာတယ်။

ဘာစကားတစ်ခွန်းကိုမှ ဖွင့်ဟဝန်ခံတာမျိုးမလုပ်နိုင်တော့ဘဲနဲ့ ဖိနပ်ကိုကောက်ကိုင်၊ တံခါးအပြင်ဘက်ပြေးထွက်ပြီးအဲ့ဒီအရာအား အဝေးကို လွှင့်ပစ်လိုက်သည်။
ရလဒ်အနေနဲ့ကတော့ သူ့အမေဆီကနေ ဖြုန်းတီးပစ်တယ်ဆိုပြီး အဆူခံလိုက်ရတော့တာပဲ။ အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့နောက်မှာ သူ့အမေမျက်နှာထားပြောင်းသွားပြီး
'' ပြင်းထန်တဲ့ အန္တရယ် အငွေ့အသက်ကနေ ကာကွယ်စောင့်ရှောက်ဖို့အတွက် အမေ ဂရိတ်ဖရုရွက်တွေ ယူလာပေးမယ် '' လို့ ပြောလာခဲ့တယ်။

သူ့ရဲ့စာလေ့လာမှုက အတောမသတ်နိုင်တဲ့ မေဂျာနဲ့ မိုင်နာ စာမေးပွဲတွေ တစ်ခုပြီးတစ်ခု ရောက်လာတဲ့ကြားက အရေးကြီးတဲ့ အခြေအနေတစ်ခုမှာမို့လို့ ရှောင်းလင်းက အနားမယူရဲဘူး။ စာကြည့်စားပွဲမှာထိုင်ရင်း အတွေးတွေနဲ့ရှုပ်နေခဲ့ပြီး အဆုံးမှာတော့ ကျောင်းလွယ်အိတ်ကိုဖွင့်လို့ ' သုံးနှစ်မြောက်နဲ့ ငါးနှစ်မြောက် ကောလိပ်ဝင်ခွင့်စာမေးပွဲလေ့ကျင့်ခန်း' စာအုပ်ကို ထုတ်လိုက်တယ်။

သူအဲ့လိုလုပ်နေတုန်း တယောက်ယောက်က သူ့နားထဲ လေမှုတ်ထည့်လိုက်လို့ ရုတ်တရက်အေးသွားသလို ခံစားလိုက်ရတာကြောင့် ရှောင်းလင် လှည့်ကြည့်လိုက်တော့ အခန်းပြတင်းပေါက်က သေချာမပိတ်ထားလို့ အပြင်လေက လိုက်ကာစကို လှိုင်းလုံးလှိုင်းလိပ်ကြီးလိုဖောင်းကြွလွင့်တက်နေ​စေတာ မြင်လိုက်ရတယ်။

သူထရပ်ပြီးပြတင်းပေါက်ကို သေချာပိတ်လိုက်ပြီး မေးခွန်းဆက်လုပ်ဖို့ ပြန်ထိုင်လိုက်ပြီး.....
*တကယ်လို့ မျဥ်းဖြောင့်က........ပြီးတော့ မျဥ်းဖြောင့်က 4x+ky..........ဆိုတော့ ​ကိန်းသေkကညီမျှမယ်.....*

ကျွန်တော် သရဲနဲ့ကြုံခဲ့ရတယ်Where stories live. Discover now