“ဘာ"
“ကျွန်တော်လူမှန်းသိတတ်စအရွယ်ကတည်း
ကကျွန်တော့်မှာမိဘဆိုတာမရှိခဲ့ဘူး။ကျွန်တော့်အပေါ်မှာအဖေတစ်ယောက်လိုမျိုးသိသင့်တာမှန်သမျှသွန်သင်ဆုံးမပေးခဲ့တဲ့ယောက်ဖကြီးကိုကျွန်တော်အဖေတော်ချင်တယ်"ကြည်ဖြူဂျက်ကိုနားမလည်နိုင်တော့ပေ။ဂျက်လောက်ယောက်ဖကြီးကိုကြောက်တတ်တာဂျက်ပဲရှိသည်။အခုတစ်ခါအဖေတော်ချင် နေပြန်ပြီ။ဂျက်ရဲ့စိတ်ကိုသူတကယ်ပင်နားမလည်နိုင်တော့ပေ။
*
*
ဒီလရောင်နီတာဝန်ကျရာနေရာကကိုဗစ်လူ
နာတွေသီးသန့်ထားသည့်နေရာကိုဗစ်စင်တာဖြစ်သည်။ကိုဗစ်စင်တာတွင်ရောင်နီတစ်လတိတိသွားနေရမည်။ကိုဗစ်လူနာဆောင်တွင်တာဝန်ကျရင်တစ်လလုံးလုံးအပြင်ထွက်ခွင့်
မရှိ။ရောင်နီ့ဂျူတီကိုအမြဲတမ်းဝင်စွပ်ဖက်နေတဲ့
ရှိုင်းကဒီတစ်ခါတော့ဘာသံမှမထွက်။သူသာဝင်စွပ်ဖက်ရင်ရောင်နီမျက်နှာပူစိတ်ရှုပ်နေရဦးမည်။အခုတော့ရှိုင်းကနှုတ်ဆိတ်နေသည့်အပြင်ရောင်နီတာဝန်ကျသည့်ကိုဗစ်လူနာဆောင်ကိုသူကိုယ်တိုင်လိုက်ပို့သည်။သူကိုယ်တိုင်လည်းမြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်နေပြီမို့အားယားနေတာတော့မဟုတ်ပေ။ရှိုင်းကအခြေအနေနဲ့အချိန်အခါကိုသိနား
လည်စွာဖြင့်ရောင်နီ့ရဲ့တာဝန်သိတတ်မှု၊သူ
နာပြုအုပ်ရဲ့တာဝန်ချထားမှုကိုဘာမှဝင်မစွပ်ဖက်ပေ။ရောင်နီ့ကိုကိုဗစ်စင်တာပို့ပြီးပြန်မယ်လုပ်တော့ရောင်နီက-“ကိုကိုရှိုင်း"
“ဟင်"
ရှိုင်းသူ့ကလေးကိုပြန်လှည့်ကြည့်သည်။ရောင်နီကသူ့နားကိုလျှောက်လာပြီးသူ့ရင်ခွင်ထဲတိုးဝင်လာသည်။ရှိုင်းအံ့ဩမိသည်။သူ့ကလေးကသူ့ဆန္ဒနဲ့သူရင်ခွင်ထဲတိုးဝင်လာတာဒါကပထမဆုံးအကြိမ်ပဲ။ရှိုင်းရောင်နီ့ကိုပြန်ပြီးပွေ့ဖက်ထားလိုက်မိသည်။ရောင်နီက-
“ကျေးဇူးတင်ပါတယ်ကိုကို"
“ဘာအတွက်လဲဘေဘီ"
“ကျွန်တော့်အတွက်နဲ့ဒီဆေးရုံမှာလုပ်အား
ပေးဆရာဝန်လုပ်ခဲ့ပြီးလူနာတွေအပေါ်မှာလည်းစေတနာထားပြီးဆေးကုပေးခဲ့တယ်။ဒီကိုရောက်လာတဲ့အချိန်ကစပြီးကျွန်တော့်ကိုနွေးထွေးလုံခြုံမှုတွေပေးခဲ့တယ်။ကျွန်တော်ဖြစ်ချင်တာမှန်သမျှတစ်ခုမှမငြိုငြင်ဘဲအကုန်ဖြစ်အောင်လုပ်ပေးခဲ့တယ်။အရာအား
လုံးအတွက်ကျေးဇူးတင်ပါတယ်ကိုကို"
အခန်း(၁၀၈)
Bắt đầu từ đầu