ရောင်နီတစ်ခါမှမရောက်ဖူးသည့်စားသောက်ဆိုင်တစ်ဆိုင်သို့ရောက်လာခဲ့သည်။စားပွဲထိုးလေးကရှိုင်းကိုမြင်လျှင်ဦးညွှတ်ပြီးသီးသန့်ခန်းထဲခေါ်သွားသည်။
အခန်းထဲတွင်ထိုင်မိကြလျှင်စားပွဲပေါ်သို့စားသောက်ဖွယ်ရာတွေတစ်မျိုးပြီးတစ်မျိုးရောက်လာသည်။စားပွဲဝိုင်းနှင့်အပြည့်ဖြစ်နေသည့်စားသောက်ဖွယ်ရာတွေကိုကြည့်ပြီးရောင်နီအံ့အားသင့်နေမိသည်။သူတို့ရောက်ရောက်ချင်းလာချ
ပေးသွားတာဖြစ်ပြီးမှာတာကိုလည်းသူမမြင်မိ။
ဒါကလူဘယ်နှစ်ယောက်စားမှာမို့လို့လဲ။လင်းထိန်နှင့်ညိုမောင်ကအခန်းထဲသို့ပင်ဝင်မလာ။အခန်းအပြင်တွင်စောင့်နေကြသည်။ရောင်နီမနေနိုင်စွာမေးလိုက်မိသည်။
“ခင်ဗျားတော်တော်ဆာနေတာလား"
“မဆာပါဘူး"
“မဆာရင်ဘာလို့ဒီလောက်အများကြီးမှာတာလဲ"
“မင်းအတွက်လေ"
“ကျွန်တော့်အတွက်"
ရောင်နီကအံ့အားသင့်စွာပြန်မေးမိတော့ရှိုင်းက-
“ဟုတ်တယ်။မင်းမလာခင်ကတည်းကသွေးလှူရှင်ကိုလိုက်ကျွေးမယ်ဆိုပြီးကြိုမှာထားတာ"
“အလကားနေရင်းပိုက်ဆံကုန်အောင်"
“ကိစ္စမရှိဘူး။ဒီဆိုင်ကငါတို့တေဇမိသားစု
ပိုင်တာ"“တေဇမိသားစု"
“အင်းလေ။မင်းသွေးလှူလိုက်တာတေဇမိသားစုရဲ့မြေးပဲ"
“သြော်”
ရောင်နီကအခုမှသိသွားတာမို့ “သြော်"ဟုသာ
ပြောလိုက်သည်။လူနာအမည်မေးတုန်းကစိုင်းတေဇလို့ပြောတော့အရင်နေ့ကအိမ်ကိုပါလာတဲ့ကလေးနဲ့နာမည်ချင်းတူသည်ဟုတွေးမိသေးသည်။ဒါပေမဲ့စီးပွားရေးလောကရဲ့နာမည်ကြီးမိသားစုဖြစ်တဲ့တေဇမိသားစုကလို့တော့မထင်မိတာအမှန်ပင်ဖြစ်သည်။“စားလေ…မင်းကသွေးလှူထားတာဆိုတော့အားရှိဖို့လိုတယ်"
“ကျေးဇူးတင်ပါတယ်။ကျွန်တော်မစားတော့ပါဘူး"
ရှိုင်းမျက်နှာကအလိုမကျမှုနှင့်အတူဒီကောင်ငါ့ကိုဂျစ်တိုက်နေပြီဟုလည်းတွေးလိုက်မိသည်။