မြို့တော်ဝန်ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက်ဒေါက်တာရှိုင်းအနိုင်ရခဲ့သည်။အငြင်း
ပွားစရာမလို၊အဖြေထုတ်စရာမလိုဘဲမပြိုင်ခင်ကတည်းကနိုင်ခဲ့သည်။တစ်မြို့လုံးလည်းသခွားမွှေးသီးပုံတံဆိပ်နှိပ်ထားတဲ့ရှပ်အဖြူရောင်တွေနဲ့ဖုံးလွှမ်းသွားသည်။ရှိုင်းရဲ့အဓိကပြိုင်ဘက်ဖြစ်သည့်ဦးဘုန်းမင်းသိုက်ကသူ့တရားသူစီရင်ပြီးထောင်ထဲရောက်သွားခဲ့သည်။ဒေါက်တာရှိုင်းကတော့ကျောက်တစ်လုံးမြို့လေး၏မြို့တော်ဝန်ဖြစ်သွားခဲ့သည်။သို့သော်မြို့တော်ဝန်တစ်ယောက်၏လုပ်ငန်းတာဝန်တွေကိုလွှဲပြောင်းမထမ်းဆောင်ခင်လောလောဆယ်မှာတော့ကျောက်တစ်လုံးဆေးရုံ၏လုပ်အားပေးဆရာဝန်အဖြစ်ပုံမှန်အတိုင်းပဲအလုပ်လုပ်နေသည်။
ရောင်နီလည်းတာဝန်ကျလူနာဆောင်ထဲတွင်အလုပ်လုပ်နေသည်။ထိုစဉ် blue staff အမနီလာထွေးကရောင်နီ့ကိုလာပြောသည်။
“မောင်လေးနေ့လည်(၂)နာရီကျရင် matron ရုံးခန်းမှာဒါဘာရှိတယ်တဲ့"
“ဟုတ်အမ"
ရောင်နီကပေါ့ပေါ့ပါးပါးပဲပြောလိုက်ပြီးလုပ်လက်စအလုပ်တွေကိုဆက်လုပ်နေသည်။နေ့လည်နှစ်နာရီထိုးတော့ရောင်နီက-
“အမဒါဘာရှိတယ်ဆိုသွားမယ်လေ"
“အမတို့အိမ်ထောင်သည်တွေမပါဘူးမောင်လေး။single တွေပဲလူစုပြီးစည်းဝေးမှာတဲ့"
“ဟုတ်လား။ဘာကိစ္စမို့လို့လဲ"
“တိုက်နယ်ဆေးရုံမှာတာဝန်ကျနေတဲ့ဆရာမနှစ်ယောက်ကရာထူးတိုးနဲ့ပြောင်းရွှေ့သွားလို့ကျောက်တွင်းတိုက်နယ်ဆေးရုံမှာတာဝန်ထမ်းဆောင်မဲ့သူနာပြုမလုံလောက်တော့ဘူးလေ။အဲဒါတွဲဘက်အနေနဲ့တို့ဆေးရုံကသူနာ
ပြုတစ်ယောက်လွှတ်ပေးရမှာ။အဲဒီကိစ္စ ဆွေးနွေးမလို့"“ဪအဲဒါဆိုကျွန်တော်သွားတော့မယ်"
ရောင်နီကလောလောဆယ်အတူရှိနေကြသည့်လူတွေထဲမှာသူတစ်ယောက်ပဲလူလွတ်ဖြစ်နေတာမို့တစ်ယောက်တည်းတိတ်တိတ်လေးထွက်လာခဲ့သည်။ရှိုင်းမသိအောင်တမင်ခိုးထွက်လာခဲ့ခြင်းဖြစ်သည်။
![](https://img.wattpad.com/cover/359615172-288-k265811.jpg)