အခန်း(၉၄)

Mulai dari awal
                                    

ရှိုင်းနဲ့ဂျက်ကလူချင်းမတူပေမဲ့ဘဝပေးအခြေအနေကတူသည်။ရှိုင်းကသူ့ထက်ငယ်တဲ့ကလေးကိုကြိုက်မိပြီးတစ်ချိန်လုံးဆော်ပလော်တီးခံနေရသည်။ဂျက်ကလည်းသူ့ထက်ကြီးတဲ့လူကိုကြိုက်မိပြီးအခုကစလို့ဆော်ပလော်တီးခံရပေတော့မည်။ရောင်နီနဲ့ကြည်ဖြူကချပြီဆိုရင်ဘယ်တော့မှမညှာ။အသေချသည်။

ကြည်ဖြူကသူ့အဝတ်အစားတွေကောက်
ဝတ်ပြီးအောက်ထပ်ဆင်းသွားတော့ဂျက်
ကနောက်ကနေထပ်ကြပ်မကွာလိုက်လာခဲ့သည်။

“ကိုကိုထွန်း…ကိုကိုထွန်း…ကျွန်တော်တောင်းပန်ပါတယ်။ကိုကိုထွန်းမကျေနပ်ရင်ကြိုက်သလိုအပြစ်ပေးပါ။ကျွန်တော်ခံပါ့မယ်။ကိုကိုထွန်း…"

ကြည်ဖြူကဂျက်ကိုအဖက်လုပ်ပြီးစကား
မပြောပေ။သူ့ဆိုင်ကယ်ကိုဆွဲထုတ်လာခဲ့သည်။ဆိုင်ကယ်ပေါ်တက်ထိုင်လိုက်တော့
ခါးအောက်ပိုင်းတစ်လျှောက်စူးအောင့်သွားသည်။သူ့ရဲ့နာကျင်ခံစားနေရမှုကသူ့မျက်နှာပေါ်တွင်အထင်းသားပေါ်နေတော့ဂျက်နေမ
ထိထိုင်မသာဖြစ်သွားသည်။ကြည်ဖြူ့ဆိုင်ကယ်သော့ကိုဖျတ်ခနဲ့ဆွဲဖြုတ်လိုက်သည်။

“မင်းဘာလုပ်တာလဲ"

“ကျွန်တော်လိုက်ပို့မယ်။ကိုကိုထွန်းအခုအိမ်ပြန်ချင်နေတာမဟုတ်လား"

“မပို့နဲ့။ငါ့ဟာငါပြန်မယ်"

“ကိုကိုထွန်းဆိုင်ကယ်စီးရတာအဆင်ပြေမှာမဟုတ်ဘူး။ကျွန်တော်လိုက်ပို့ပါရစေ။ကိုကိုထွန်းရဲ့အကိုကိုလည်းတွေ့ချင်လို့ပါ"

“မင်းကငါ့ကိုဒီလိုဖြစ်အောင်လုပ်ထားပြီးတော့ငါ့အကိုကိုတွေ့ရဲသေးတယ်ပေါ့"

“ကိုကိုထွန်းရာကျွန်တော်ကတာဝန်မဲ့တဲ့သူမဟုတ်ပါဘူး။ကျွန်တော်ကိုကိုထွန်းအပေါ်မှာကျူးလွန်မိခဲ့တဲ့အတွက်တာဝန်ယူပါ့မယ်။ကိုကိုထွန်းကိုကျွန်တော်တစ်သက်လုံးစောင့်ရှောက်ပါ့မယ်"

“မင်းငါ့ကိုတာဝန်ယူစရာမလိုဘူး။စောင့်
ရှောက်စရာလည်းမလိုဘူး။ငါကယောက်ျားလေးပဲဘာမှမဖြစ်ဘူး"

“ဘာလို့ဘာမှမဖြစ်ရမှာလဲ။ဖြစ်တယ်လေဖြစ်တယ်။ကိုကိုထွန်းရဲ့လူပျိုဘဝလေးဆုံးရှုံးသွားတာကျွန်တော့်မှာတာဝန်ရှိတယ်။ကျွန်
တော်တာဝန်မယူဘဲမနေဘူး"

The city in my heart (U&Z)Tempat cerita menjadi hidup. Temukan sekarang