ᴡʏʙᴍ 12 [ᴇxᴛʀᴀ]

33 6 6
                                    

Uni≈

ချစ်သူတွေဖြစ်ပြီးတာတောင် အခုထိ အခန်းခွဲအိပ်နေရတာကို ဟျူးနင်းခါအီ လုံးဝမကြိုက်။

သူလဲ လက်ထပ်ပြီးသား ကိုယ့်ချစ်သူ ကိုယ့်ယောင်္ကျားနဲ့ အတူတူအိပ်ချင်တာပေါ့။

အခုဆို ‌ဆောင်းဝင်လာပြီမို့ တအားအေးတာ။ ကိုယ့်ယောင်္ကျားကိုယ် ဖက်အိပ်ချင်တာပေါ့။

ကိုယ့်သဘောနဲ့ကိုယ် ဇွတ်လုပ်လိုက်ရင် ဟန်နီပဲ အနေရခက်မှာမို့ သည်းခံနေရသည်။

ကိုယ့်ဟာနဲ့ကိုယ် မကျေမနပ်တွေးမိနေတုန်း…

*ဒေါက်…ဒေါက်…ဒေါက်

"ဒါလင် ငါဝင်ခဲ့မယ်နော်"

"အွန်း ဝင်ခဲ့လေ"

"ဒါလင် အတူတူလာအိပ်လို့ရမလား"

‌စောင်ကို ခေါင်းမြီးခြုံပြီး သူ့ကုတင်ဘေးနားမျက်နှာငယ်လေးနဲ့လာရပ်နေတဲ့ ဟန်နီ့ကို ကြည့်ပြီး ဟျူးနင်း အသည်းယားကာ ရယ်ချင်နေမိသည်။

"ဘာလို့လဲ ပြောပြဦး"

ဟန်နီ့ဘက်က အရင် လိုလိုလားလား အတူလာအိပ်လို့ ပျော်နေပေမယ့် တမင်စချင်လို့သာ မေးလိုက်ခြင်း။

ဒီအတိုင်း အတူတူလာအိပ်ချင်မှန်းသိပေမယ့် ဒီကလေးပေါက်စရဲ့ လုပ်ကြံအကြောင်းပြချက်ကို နားထောင်ချင်သေးတာကြောင့်လဲ ပါတာပေါ့။

"ချမ်းလို့ အိပ်မပျော်ဘူး"

ဟျူးနင်း တစ်ချက်သာပြုံးလိုက်သည်။

"ဒီကို လာခဲ့…"

သူကုတင်ကို ပုတ်ပြလိုက်တော့ ထယ်‌ဟျောန်းတစ်ယောက် မတုံ့ဆိုင်းပဲ ချက်ချင်းကုတင်ပေါ်တက်လာခဲ့သည်။

ထို့နောက် မပြောမဆို လာဖက်တဲ့ ထယ်ဟျောန်းကြောင့်သူထပ်ပြုံးမိပြန်သည်။

"ဒီကောင်လေး အရမ်းတတ်တယ်နော်"

ဟျူးနင်းပြောရင်း ထယ်ဟျောန်းကို တင်းကြပ်စွာ ပြန်ဖက်ထားလိုက်သည်။

လိုချင်တာရသွားတဲ့ ကြောင်ပေါက်လေးရဲ့ အပြုံးတွေကို အခန်းမီးမှိန်မှိန်ကြားထဲက သူတွေ့ဖြစ်အောင် တွေ့လိုက်ပါသေးသည်။

ᴡʟʟ ʏᴏᴜ ʙᴇ ᴍɪɴᴇ? || ᴛʏᴜɴɴɪɴɢ [✓]Where stories live. Discover now