ᴡʏʙᴍ 10

32 8 28
                                    

Uni≈

"ထယ်ဟျောန်းက မင်းကို မချစ်ဘူးလေ…"

စီနီယာဂျင်ဆောင်းရဲ့ စကားက ဟျူးနင်းရဲ့ နားထဲ ပဲ့တင်ထပ်နေသည်။

ဟန်နီက သူ့ကိုမချစ်ဘူးဆိုတဲ့ အမှန်တရားက သူ့အတွက် အိပ်မက်ဆိုးတစ်ခုလို ခြောက်လှန့်နေခဲ့တာ။ 

"ဟင်း ဟန်နီ…"

"အင်း ငါရှိတယ် ငါဘယ်မှမသွားဘူးနော်"

စိတ်ထင်လို့လားမသိ။ ဟန်နီရှိနေတယ်လို့ ခံစားနေရတယ်။

ဘေးနားက နွေးထွေးမှုလေးနဲ့အတူ ချိုသာတဲ့အသံလေးက ဟျူးနင်းကို စိတ်သက်သာရာရစေသည်။

ဟျူးနင်း ထိုနွေးထွေးမှုလေးနဲ့အတူ အိပ်မက်ကမ္ဘာသို့ နောက်တစ်ကြိမ် ပြန်ရောက်သွားခဲ့ရသည်။

ဒီတစ်ကြိမ်တော့ အိပ်မက်ဆိုးမျိုးအစား လှပတဲ့အိပ်မက်တွေက ဆီးကြိုလို့။

◆◇◆◇◆◇◆◇

ထယ်ဟျောန်း အိမ်ပြန်ရောက်ရောက်ချင်း ဒါလင့်အခန်းထဲ အပြေးသွားမိသည်။

အခန်းထဲဝင်ဝင်ချင်း မြင်လိုက်ရတာက ချွေတွေရွဲနစ်နေပြီး အိပ်မက်ဆိုးမက်နေပုံရတဲ့ ဟျူးနင်းခါအီပင်။

"ဒါလင်ရယ်…"

ကုတင်ဘေးနားသွားပြီး နဖူးကို အသာစမ်းကြည့်တော့ ပူကျစ်နေတဲ့ နဖူးပြင်…

"ဘယ်လောက်တောင် ပစ်စလက်ခတ်နေနေလို့ အဖျားက ဝင်ရတာတုန်း"

တိုးညှင်းစွာ ရေရွတ်ပြီး ရေပတ်တိုက်ပေးဖို့ရာ စဉ်းစားမိသည်။

ရေပတ်တိုက်ပြီး ကုတင်မှာ ဝင်ထိုင်နေတုန်း…

"ဟင်း ဟန်နီ…"

"အင်း ငါရှိတယ် ငါဘယ်မှမသွားဘူးနော်"

အိပ်မက်ဆိုးတွေ မက်နေတာပဲ။

လက်လေးကို ဆုပ်ကိုင်ထားပေးပြီး ခေါင်းကို အသာလေးပုတ်ပေးတော့ အပြုံးတစ်ခုနဲ့အတူ ပြန်လည်အိပ်မောကျသွားသည့်ပုံ။

ထယ်ဟျောန်း ဟျူးနင်းနားကနေ တစ်ဖဝါးမှမခွါဘဲ တစ်ညလုံးအနားမှာရှိနေခဲ့သည်။

လက်ကိုလဲ လုံးဝမလွှတ်ဘဲနဲ့ပေါ့။

●○●○●○●○

ᴡʟʟ ʏᴏᴜ ʙᴇ ᴍɪɴᴇ? || ᴛʏᴜɴɴɪɴɢ [✓]Where stories live. Discover now