ᴡʏʙᴍ 3

64 12 6
                                    

Uni≈

ဟျူးနင်းတစ်ယောက် အထက်တန်းကျောင်းသားဘဝကို လူဆိုးလေးကို ချစ်ရင်း လူဆိုးလေးကို ဂရုစိုက်ရင်း လူဆိုးလေးရဲ့အကြောင်းတွေကို စုံစမ်းရင်းနဲ့ပဲ ပျော်ရွှင်စွာ ကုန်ဆုံးမိသည်။

သူ့ရဲ့လူဆိုးလေးကလေ အမြဲတမ်းရန်ဖြစ်ပြီး ဂျစ်တူးလေးသာဖြစ်နေတာ စာကတော့ တော်တယ်ဗျို့။

ဒါကြောင့်လဲ နောက်ဆုံးစာမေးပွဲမှာ အမှတ်အများကြီးနဲ့ ဆိုးလ်တက္ကသိုလ်တက်နိုင်ခဲ့တာလေ။

ဟျူးနင်းကရော။ ဘာထူးလို့လဲ။ လူဆိုးလေးတက်တဲ့ နေရာကိုပဲ ရောက်လာမှာပေါ့။

ချစ်နေရဲ့သားနဲ့ ဘာလို့ ရှေ့ဆက်မတိုးတာလဲ မေးလာရင် ဟျူးနင်းမှာ အဖြေတစ်ခုတည်းသာရှိလိမ့်မည်။

နောက်ကနေ တကောက်ကောက်လိုက်ပြီး လူဆိုးလေးစိတ်ညစ်အောင်တော့ သူမလုပ်ချင်ပါဘူး။

ဒါပေမယ့် သေချာတာတစ်ခုက အချိန်တန်ရင် လူဆိုးလေးက သူ့အပိုင်ဖြစ်လာလိမ့်မည်။

ဘယ်လိုတောင် ယုံကြည်မှု လွန်ကဲနေတာလဲနော်။

●○●○●○●○

"မာမီ... သားတစ်ခုလောက် တောင်းဆိုလို့ရမလား ဟင်"

"ထူးထူးဆန်းဆန်းပါလား မာမီ့သားက ဘာတွေများ တောင်းဆိုချင်တာလဲ ပြောပါအုံး"

"ဟိုလေ သားကို ဂန်အိမ်တော်က သားလေးနဲ့ လက်ထပ်ပေးပါလား ဟင်"

"အမလေး ဘုရား..."

ဟျူးနင်းခါအီရဲ့ တောင်းဆိုမှုကြောင့် မာမီ့ခမျာ ဘုရားတောင် တ၊မိသည်အထိ။

"ငါ့သား ဂန်အိမ်တော်ဆိုတာ ဟိုတလောကမှ မာမီတို့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်လိုက်တဲ့ KANG groupကို ပြောတာလား"

"ဟုတ်တယ် မာမီ"

"ပြောပါအုံး ဘယ်ကနေ ဘယ်လို သူများအိမ်က သားလေးကို စိတ်ဝင်စားသွားတာတုန်း"

"ဟို သားကသူ့ကို ဒီကို ပြောင်းလာကတည်းက သဘောကျနေခဲ့တာ မာမီရဲ့ ဒါပေမယ့်လေ သားရဲ့အချစ်က လူဆိုးလေး မာမီရဲ့ ပြီးတော့ အဲ့လူဆိုးလေးကိုဆို လူတိုင်းက သဘောကျချင်ကြတာ ကြာတော့ သား စိတ်မချချင်တော့ဘူး အဲ့တာကြောင့် မာမီက စီစဉ်ပေးပါ"

ᴡʟʟ ʏᴏᴜ ʙᴇ ᴍɪɴᴇ? || ᴛʏᴜɴɴɪɴɢ [✓]Where stories live. Discover now