ᴡʏʙᴍ 4

38 11 3
                                    

Uni≈

ထယ်ဟျောန်းတစ်ယောက် ဟျူးနင်းနဲ့ ချိန်းထားတဲ့ 10နာရီမရောက်ခင် မကြာမှီဖွင့်တော့မည့် Cafeအသစ်လေးမှာ လိုအပ်တာတွေဖြည့်ဖို့ ရောက်နေခဲ့သည်။

ထယ်ဟျောန်းရဲ့ ဆိုင်လေးကို အပြာရောင်နဲ့ အဖြူရောင် အသားပေးထားပြီး ကျူးလစ်နဲ့ နှင်းဆီပန်းတွေကိုလဲ စိုက်ပျိုးထားသေးသည်။

"ထယ်ဟျောန်းနီ..."

"အာ ဆူဘင်းနီဟျောင်း လာပြီလား"

"အင်း ဆိုင်က တော်တော်လေး ပြည့်စုံနေပြီပဲ အခုဖွင့်ဖို့ပဲ ကျန်တော့တယ် ဘယ်တော့လောက် ဖွင့်မှာလဲ"

"မင်္ဂလာဆောင်ပြီးတာနဲ့ ဖွင့်တော့မှာ"

"ငါတို့ ထယ်ဟျောန်းနီတောင် လက်ထပ်တော့မယ် ဒီကအစ်ကိုကတော့ ချစ်သူတောင်မရှိသေးဘူး"

"အာ ဟျောင်းကလဲ ဒီကိစ္စကို အိုမားတို့ စီစဉ်တာမှန်း သိရဲ့သားနဲ့"

"အဲ့တာဆို လက်မထပ်ချင်ဘူးပေါ့"

"အဲ့တာက ငြင်းလို့မှမရတာကို"

"ဟုတ်ပါပြီ..."

"ဒါနဲ့ ဆိုင်ကို နာမည်မပေးရသေးဘူး ဘာပေးရင်ကောင်းမလဲ"

"အင်း ဟျောင်းလဲ မစဉ်းစားတတ်ဘူးလေ"

"ထားပါတော့ နောက်မှ အေးဆေးစဉ်းစားတော့မယ်"

ထိုစဉ်...

Huening Kai:
ထယ်ဟျောန်းနား ကျွန်တော် ထယ်ဟျောန်းကို လာခေါ်ပြီနော်

Huening Kai:
အခုဆိုင်မှာမလား အိမ်ကို ရောက်ခဲ့ပြီးပြီ ထယ်ဟျောန်းအိုမားက လိပ်စာပေးလိုက်လို့ အဲ့ပဲလာလိုက်မယ်နော်

: အင်း

အစကတည်းက ဆိုင်မှာလာခေါ်ခိုင်းမလို့ လုပ်ထားတာကို အိုမားက လိပ်စာပေးလိုက်တော့ အတော်ပဲဖြစ်သွားခဲ့သည်။

"ထယ်ဟျောန်းနီ ဘယ်သူနဲ့ ပြောနေတာလဲ"

"ဟျူးနင်းခါအီနဲ့ပါ..."

"ဟျူးနင်းခါအီဆိုတာ ထယ့် ခင်ပွန်းလောင်းမလား"

"ဟွန့် အဲ့တာကို ထည့်မပြောနဲ့"

ᴡʟʟ ʏᴏᴜ ʙᴇ ᴍɪɴᴇ? || ᴛʏᴜɴɴɪɴɢ [✓]حيث تعيش القصص. اكتشف الآن