049:နှင်းဆီပန်းတွေပို့မယ်

Start from the beginning
                                    

ဖင်းယွီဟောင်သည် ဗီဒီယိုကို ကြည့်ခဲ့သည်။ ပထမမိနစ်အနည်းငယ်ကိုကြည့်ပြီးနောက်

"ဒါ ဒါကဘာလဲ? နတ်အိမ်မွေးတိရစ္ဆာန်လား?"

ချင်ယွီ: "ဟုတ်တယ်"

ဖင်းယွီဟောင် သည် ခဏတာ ကြည့်ရှု ပြီးနောက်

"မားရေ! ဗီဒီယိုတစ်ခုလုံးက မင်းကပဲ သတ်နေတာချည်းပဲ တစ်ဖက်လူက တစ်ကြိမ်တောင် ပြန်မတိုက်နိုင်နေဘူး! ဒီနတ်အိမ်မွေးတိရစ္ဆာန်က ဘယ်သူလဲ? ဒါက သိပ်သနားစရာ မကောင်းဘူးလား?"

ချင်ယွီ: "ငါ့မိန်းမ"

ဖင်းယွီဟောင် လန့်သွားသည်။ မြတ်စွာဘုရားရေ ဒီလူက သူ့မိန်းမက ယောကျ်ားလေးဆိုတာ သိသွားပြီး ဒီလို ရူးသွားတယ်လို့တော့ မပြောနဲ့နော်။ သူ့အာဃာတတွေက ဖန်သားပြင်ကနေ ထွက်လာတော့ မလိုတောင် ခံစားနေရတယ်!

ချင်ယွီ: "ဒါပေမယ့် သူ့အကောင့်အချက်အလက်တွေကို ဗီဒီယိုကနေ ဖျက်ထားတယ်။ သူ့အထောက်အထားကို လူတော်တော်များများ မသိကြဘူး မင်း ဒါကို လျှို့ဝှက်ထားရမယ် သူ့ကို ပြိုင်ပွဲမှာ လျှို့ဝှက်လက်နက်အဖြစ် သုံးဖို့ ငါစီစဉ်နေတာ"

ဖင်းယွီဟောင် သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်၍ မိနစ်အနည်းငယ်ကြာအောင် စဉ်းစားနေကာ နောက်ဆုံးတော့ အပြုံးဖြင့် မော့ကြည့်လာ
သည်။

"အင်း ဟုတ်တာပေါ့ ဖာရက်ရဲ့ အလျင်က မြန်တယ် ပိုပြီး မြန်လာရုံပဲရှိမှာ"

ချင်ယွီ: "ဟုတ်တယ် သူ့မှာ အလားအလာရှိတယ်။"

ဖင်းယွီဟောင်: "အိုကေ! အဲ့ကိစ္စ ငါ့ကိုအပ်ထားလိုက် မင်းအိပ်တော့။"

ဖုန်းချပြီးနောက် ဖင်းယွီဟောင် သည် ဗီဒီယိုကို စိတ်ရှည်ရှည်ဖြင့် ကြည့်ရှုခဲ့သည်။ ဤဗီဒီယိုသည် အမျိုးသမီးပရိသတ်အချို့၏ ဒေါသကို နှိုးဆွပေးမည်ကို စိုးရွံ့မိသည်။ ပြောရမယ်ဆို ချစ်စရာတိရိစ္ဆာန်လေးတစ်ကောင်က အလွန်ရက်ရက်စက်စက် နှိပ်စက်ခံခဲ့ရကြီးကို...

အထူးသဖြင့် ဒီမြင်ကွင်း-ဖင်းယွီဟောင် သည် ဖန်သားပြင်ပေါ်ရှိ မီးသည် ဖာရက် ၏ လည်ပင်းကို ဆွဲကိုင်ကာ သယ်ဆောင်သွားသည်ကို မြင်တွေ့ခဲ့ရသည်။ အဖြူရောင် ဖာရက်လေး၏ ပုံသဏ္ဌာန်သည် ဖန်သားပြင်တစ်ခုလုံး ပြည့်သွားသည် (ထိုအ
ချိန်တုန်း က မီးကို ကြည့်ရန် ဟဲကျင့်ကတွန်းအားပေးခံလိုက်ရသောကြောင့်)

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now