047:ထန်ဟူလူ

Start from the beginning
                                    

"လူကြီးမင်း~ ခင်များ ကျွန်တော်တို့ရဲ့ ပိုးထည်အဝတ်အစားအသစ်တွေကို ဝင်ကြည့်လှည့်ပါဦးလား လာ ဝတ်ရုံအ​သစ်​တစ်ထည် လောက် အားပေးဦးလေ!"

...... NPC စျေးရောင်းသူများ မှ အော်ဟစ်​ရောင်းနေသော စျေးဆိုင်များ အရာအားလုံးသည် လက်တွေ့ဆန်ပြီး အသက်ဝင်နေလေသည်။ ဟဲကျင့်သည်  ရှေးဟောင်းစာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားခဲ့တဲ့ လူငယ် "အားကျင့် " ရဲ့ဇာတ်ရုပ်ကို ဝင်စားနေသကဲ့သို့ပင် ခံစားနေရ၏။...

ခဏအကြာတွင်  ဤနေရာကို ဖြတ်သွားသော ကစားသမားအများစုသည် ချောမောလှပကြသည်ကို ဟဲကျင့် သတိထားမိသွားသည်။ ဤပန်းပွင့်အလှများကြားတွင် လမ်းလျှောက်ရင်း သူ့အား အနည်းငယ် မျက်စိကွယ်သွားစေသည်။ သူ၏ သာမာန်စနစ်ပရိုဖိုင်သည် ဤလူများ၏ ဆွဲဆောင်မှုရှိသော ပုံများနှင့် မတူဘဲ ထူးခြားနေပုံရသည်။

အစားအစာ၏ရနံ့သည် ဟဲကျင့်နှင့် မီး တို့ကို ဆိုင်တစ်ဆိုင်ထဲသို့ ဝင်ရန် စွဲဆောင်သွားသည်။ သူတို့သည် စားပွဲအလွတ်တစ်ခုတွင် ထိုင်ကြပြီး မကြာမီ NPC လူငယ်လေးက ၎င်းတို့ထံ ချဉ်းကပ်လာသည်-

"လူကြီးမင်း နှစ်ယောက်ကျွန်တော်တို့ဆိုင်မှာ ခေါက်ဆွဲအမျိုးမျိုးရပါတယ်တန်တန်ခေါက်ဆွဲ၊ တရှောင် ခေါက်ဆွဲ တလူ ခေါက်ဆွဲ၊ ခေါက်ဆွဲကြော်တွေရပါတယ်..."
NPC စားပွဲထိုးလေးက ခဏနားကာဆက်ပြောလာသည်။

"တခြားဟင်းလျာများအနေနဲ့ကတော့ အသားခြောက် အမဲသားစပ်နဲ့ တခြားဟင်းတွေလဲ ရှိပါတယ် ဘာများ မှာမလဲခင်မျာ? "

[T/N: တန်တန်မြှန် (တန်တန် ခေါက်ဆွဲ)]

[T/N: တရှောင်မြှန် (တရှောင်ခေါက်ဆွဲ)]

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[T/N: တရှောင်မြှန် (တရှောင်ခေါက်ဆွဲ)]

[T/N: တရှောင်မြှန် (တရှောင်ခေါက်ဆွဲ)]

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now