........

ဘာဒါနိုးတော့
ဟိုမိန်းကလေးမရှိတော့ဘူး..

အိပ်ယာကထလိုက်တော့
အိပ်ယာခင်းစက သွေးကွက်လေးကြောင့်
တခုခုကိုနှမျောတသဖြစ်ရသလို..
လှုပ်ရှားနေတဲ့ကောက်ကြောင်းလေးတွေကို မြင်ယောင်မိပြီး
ရင်ကခုန်လာပြန်တယ်။
ဘာရယ် ရင်ခုန်နေတာလား..
ညက သောက်ထားလို့ဖြစ်တာလေ
အခုက ဘာလို့လဲ..
သောက်ထားလို့လို့ပြောရအောင်လည်း
အသိစိတ်လွတ်နေတာမဟုတ်သလို
အစိတ်အပိုင်းတစ်ခုချင်းစီ လှုပ်ရှားမှုတစ်ခုချင်းစီ ခံစားချက်တစ်ခုချင်းစီ
ရနံ့တစ်ခုချင်းစီကို အသေးစိတ်မှတ်မိနေတယ်။
ဒါဆို အသိစိတ်ရှိရက်နဲ့လုပ်လိုက်တာပေါ့..
ဘာလို့လဲ..
မိန်းကလေးကြိုက်တတ်သူမှမဟုတ်တာ..
ငါ့မှာ ဂျူဟျော့ရှိတယ်လေ..
ဘာလဲကွာ..
ရေချိုးခန်းထဲဝင်ပြီး ရေပန်းအောက်ရပ်နေပေမယ့်
နားထဲ ညည်းသံသဲ့သဲ့လေးကို ပြန်ကြားယောင်မိနေတယ်..
သူ့နှုတ်ခမ်းတောင် နည်းနည်းယောင်နေတာဆိုတော့
သူမနှုတ်ခမ်းဆို ပြောဖွယ်ရာတောင်မရှိ..
ကိုက်လိုက်မိလားတောင်မပြောတတ်။

ဟူးးး
နာမည်လေးတောင်မသိလိုက်ရဘူး။
အာ နာမည်သိတော့ရောဘာလုပ်ရမှာလဲ။
ငါ့မှာbfရှိတာပဲ..

မဟုတ်သေးဘူး
သူမရဲ့ပထမဆုံးအကြိမ်ကို သူယူလိုက်မိတာမလား..

အင်း ယူတော့ရော ဘာလုပ်ပေးလို့ရလို့လဲ..
မဟုတ်ဘူး မရလည်း တခုခုတာဝန်ယူပေးချင်နေသလိုမျိုးး

တစ်ယောက်ထဲ အတွေးတွေနဲ့ ယောက်ယတ်ခတ်..
အားးးးး ရူးတော့မယ် ဒါနဲ့ပဲ..

ကျောင်းပိတ်ရက်ဆိုပေမယ့်
libraryမှာချိန်းထားကြတာကြောင့် ကျောင်းဘက်ကို ထွက်ခဲ့လိုက်တယ်။

ဟိုဟာတွေ နိုးမှနိုးပါ့မလား။
နေ့လည်ရောက်နေပြီပဲ နိုးလောက်ပါတယ်။

ထင်တဲ့အတိုင်းမရောက်ကြသေးလို့
တစ်ယောက်ထဲ စာအုပ်တွေရှာပြီး စာအုပ်ပုံထဲခေါင်းနှစ်ထားလိုက်မိတယ်။
စာရွက်တွေလှန်နေပေမယ့်
စာတွေလည်းမမြင်မိ။
မရတော့ဘူး အီဘာဒါ ဆေးမိသွားပြီ။
ဆေးကိုလည်း ကိုယ့်စိတ်နဲ့ကိုယ်သောက်မိတာ..
ကိုယ့်နှုတ်ခမ်းကိုထိမိရင်တောင် သူမအစိတ်အပိုင်းတွေကို ပြန်တွေးမိလို့
သက်ပြင်းချနေရတာအခါခါ..
ဘာသဘောလဲ..ကိုယ့်ကိုကိုယ်စိတ်ရှုပ်နေပြီ။

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now