"မေမေကလေ ဟိုနေ့ကသားချစ်သူရနေတာလားတဲ့"

"အဲ့တော့ ဘယ်လိုပြန်ဖြေလိုက်လဲ"

"ရှက်ရှက်နဲ့ပဲ ဟုတ်လို့ပြန်ဖြေလိုက်တာပေါ့။ဘယ်သူလဲ ဘယ်ကလဲတော့ဆက်မမေးဘူး သားတို့အချင်းချင်း ချစ်ကြရင်ပြီးတာပဲတဲ့"

"ပြန်လာရင်တော့ ဖွင့်ပြောကြရအောင်"

"အင်း ဘယ်လိုအခြေအနေပဲဖြစ်လာလာ မင်းကတော့ငါ့အနားမှာရှိနေပေးမယ်မလား"

"သေချာပေါက်ပေါ့ မေးနေစရာလိုသေးလို့လား"

"ချစ်တယ်။ ငါချစ်ကြောင်းတွေခဏခဏ ထုတ်မပြောတတ်ပေမဲ့ တကယ်ချစ်တာကိုတော့ ယုံကြည်ပေး"

"အဲ့လိုတွေပြောတိုင်း ရှက်နေတုန်းပဲနော် ဆယ်ကျော်သက်အရွယ်လေးလည်း မဟုတ်တော့ဘဲနဲ့ ဒါပေမဲ့ အဲ့လို ရှက်နေတဲ့ပုံစံလေးတွေမြင်တိုင်း
အသဲတွေယားတာ တကယ်။ ဖျစ်ညှစ်ချင်မိတဲ့အထိပဲ"

"မင်းနော်!!"

"ဟား ချစ်တာကို ဒါနဲ့ ကိုယ်ပြန်လာရင် Gym သွားရမယ်။"

"မင်းခန္ဓာကိုယ်ကြီးက ဒီလောက်ကြီးနေပြီကိုဘာလို့
Gym ကသွားချင်နေသေးတာပဲ။လျော့မသွားအောင်
ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးရင်ရတာပဲကို"

ဘယ်လောက်ထိတောင်ထပ်ကြီးချင်သေးလို့ Gym သွားချင်နေတာလဲမသိပါ။
Jimin တစ်ယောက်တည်းဆိုရင်တော့ အဆင်ပြေပေမဲ့သူနဲ့ယှဥ်လိုက်ရင် ကိုယ်ကသေးကျန်နေခဲ့တာမို့
မကြိုက်ပေ။

"ကိုယ့်အတွက်မဟုတ်ဘူး မင်းအတွက်"

"ဟမ်!! ငါကဘာလို့လဲ"

"အမောခံနိုင်အောင်လို့လေ "

"ဘာလို့လဲ ငါတော်ရုံလောက်က
ပြေးနိုင်ပါတယ်။"

"ပြေးဖို့အတွက်မဟုတ်ဘူး အဟမ်း!! ဟိုဟာက
သက်လုံကောင်းဖို့လုံတယ်။ ကိုယ်ပဲအမောခံနိုင်ရုံနဲ့ မပြီးဘူး မင်းရော..."

"နေ..နေပါအုံး ဘာကြီး သက်လုံကောင်းတယ် အမောခံနိုင်တယ်ဆိုတာ မဟုတ်မှ မင်းး!!"

ခုမှအကြောင်းအရာကို သဘောပေါက်သွားပုံနဲ့
အလန့်တကြားပြန်ကြည့်လာသည်။

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now