' ဝမ်ရိပေါ် မင်း မပေးဘူးလား ...။'

ရှောင်းကျန့် ဖဲ စားပွဲဝိုင်း ပေါ်ထိပါ တက်တော့မယ့် ပုံစံနဲ့ မုလုံ ကြောင့် အမြန် ထ ဆွဲထားလိုက်ပြီး ဘေးဘီ ဝဲယာ ကို ခေါင်း လည်နေအောင် ကြည့်လိုက်သည်။ သူတို့က သူများနိုင်ငံမှာ လာနေ နေတာမလား။

ဒါပေမယ့် ကာစီနို ဝိုင်းမှာ ဖြစ်နေကြပုံစံမို့ ဘယ်သူ ဘာပြောပြော ဂရုစိုက်နေမယ့် လူ မရှိပါ။

' ကဲ ... ပြန်ထိုင် ...။ ငါ မင်း ကို ပေးမယ်။ ဒါပေမယ့် မင်း ဒီတစ်ခါ ထပ်ကုန်ရင် ပြန်ရမယ် ...။'

' အေး ... မြန်မြန် ပေး ...။'

ရှောင်းကျန့် မာလု ကို ခေါင်းဆတ်ပြပြီး လာယူခိုင်းလိုက်သည်။

ရိပေါ် ဝိုင် သောက်နေရင်း ရုတ်တရက် ပူ လာသလို ခံစားရပြီး ခန္ဓာကိုယ်ကလည်း မူ မမှန် ဖြစ်ချင်လာတာကြောင့် ခေါင်း ကို ဟိုဘက် ဒီဘက် ခါရမ်းပြီး လက်ထဲ က အနည်းငယ် ကျန်နေသေးတဲ့ ဝိုင် ကို ဆက်မော့လိုက်သည်။

ကာစီနို ဆိုသလို လောင်းကစား မျိုးစုံ ရှိတာကြောင့် လူကလည်း အမြဲစည်နေပြီး သူ သွားလိုက် ငါ လာလိုက် ဖြစ်နေပါတယ်။

ဒီတစ်ခါတော့ အရှေ့မှာ ကြေးပြားတွေ ပြန်လျော့ လျော့ သွားတာက ရှောင်းကျန့် ဖြစ်သွားပါတယ်။

လောင်းကစား သက်တမ်း မရှိတဲ့ ရှောင်းကျန့် မသိတာက ကစားနေစဉ် အတွင်း တစ်ခြားသူကို ပိုက်ဆံ မချေးသင့်ဘူးဆိုတာပေါ့။

' ဟာ !!!!!.'

ရိပေါ် မျက်နှာက ထိန်းမရချင်တော့အောင် မသာမယာ ဖြစ်နေတုန်း ရှောင်း ဆီက အသံ ထွက်လာတာကြောင့် အာရုံက ရှောင်း ဘက်ကို ပြန်စိုက်လိုက်ရသည်။

' ရှောင်း ... ဘာဖြစ်လို့လဲ ...။'

' ဒီမှာလေ ... ကျနော့် ပိုက်ဆံတွေ ကုန်တော့မယ်။'

' ဒါဆို ကိုယ်တို့ ပြန်ကြမလား။ နောက်ရက်မှ ထပ်လာချင် လာပေါ့။'

ရှောင်းကျန့် သူ ရှုံးခါမှ ထ ပြန်ဖို့ ပြောလာတဲ့ ရိပေါ်ကြောင့် မျက်မှောင် ကုပ်ပြီး လှည့်ကြည့်တော့ မျက်နှာမှာ ချွေးစတွေ ထွက်နေတဲ့ ဝမ်ရိပေါ် ကို တွေ့လိုက်ရသည်။

What's wrong? ( Completed )Where stories live. Discover now