045:ရှုံးတာကို ဝန်မခံနဲ့

Start from the beginning
                                    

ဟဲကျင့်: "ဒါဆို မင်းဘာလိုချင်တာလဲ? မင်းကို စားဖို့ဝယ်ကျွေးရမှာလား? "

ချင်ယွီ က သက်ပြင်းချလိုက်တယ်

"အမှန်တိုင်းပြောရရင် ငါ 680 ရနိုင်တယ်ဆိုတာတော့ မသေချာဘူး... ဒါပေမယ့် ဝန်ခံဖို့က မလွယ် ဘူး အဲ့ဒါက ငါ့စရိုက်ကို သစ္စာဖောက်သလို ခံစားရတယ်..."

ဟဲကျင့်က ရယ်လိုက်သည်။ စာမေးပွဲမှာ အမှတ်ရတာက ထီထိုးတာနဲ့ မတူဘူး အဲဒီမှာ ကံကို သိပ်အားလို့မရဘူး  ဒီကောင်လေးက သူ့စာမေးပွဲရလဒ်က "မကောင်းပုံပေါ်တယ်" လို့ ခံစားမိနေပေမယ့် လည်း လောင်းကြေးထပ်ဖို့ သတ္တိရှိနေတုန်းပဲ။ ချင်ယွီ၏ ဤပုံစံ သည် ဟဲကျင့် အတွက် အလွန်ချစ်စရာ
ကောင်းပုံပေါ်၏။

"ငါ့အမှတ်ထက် ပိုများစရာမလိုပါဘူး 680 ရရင်ပဲ အဆင်ပြေတယ်  ဒီအမှတ်ရရင် မင်းငါ့ကို ဘာမဆို တောင်းလို့ရတယ်။"ဟဲကျင့် က သူ့ကို နောက်ပြောင်ကာပြောလေသည်။

ချင်ယွီ ၏ မျက်လုံးများတွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်- "ဘာပဲဖြစ်ဖြစ်?"

"ဒါက ရာဇဝတ်မှူ မဟုတ်သေးသရွေ့ဒါမှမဟုတ် ကျောင်းမှာ ကိုယ်လုံးတီးနဲ့ လမ်းလျှောက်ခိုင်းတာမျိုး လို ရှက်စရာကောင်းတဲ့ ဟာမဟုတ်ရင်အဆင်ပြေပါတယ်။"

ပြစ်ဒဏ်ပေးသည့်အနေဖြင့် ဤကဲ့သို့သော အရာများကို လျှို့ဝှက်စွာ လောင်းကစားလုပ်သော တက္ကသိုလ် ကျောင်းသားများ အမှန်တကယ် ရှိခဲလေ သည်။ သို့သော် ချင်ယွီ၏ စရိုက် ကို ဟဲကျင့် ၏ နားလည်မှုအရ တစ်ဖက်လူက သူ့ထံမှ အလွန်အကျွံတောင်းဆိုမှုကို မတောင်းမည်မှာ သေချာပါ၏။ တစ်ဖန် ဟဲကျင့် လည်း သူရှုံးမည်ဟု မယုံကြည်ခဲ့ပေ။

ချင်ယွီ က သူ့လည်ပင်းကို ပွတ်သပ်ပြီး ဝန်လေးဟန်ဆောင်ကာ

"680 ရဖို့အတွက် ငါကံကောင်းဖို့ တော့ လိုလိမ့်မယ် မင်းငါ့ကိုတော့မလှည့်စားနဲ့!"

ဟဲကျင့် : "မင်း ငါ အဲ့ဒါကိုကတိမတည်မှာကြောက်ရင် ငါ့အခန်းထဲမှာလာရှာလို့ရတယ်"

ချင်ယွီ၏ ပါးစပ်ထောင့်က အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူက ဟဲကျင့် ကို လက်ညှိုးထိုးလိုက်ပြီး ယုံကြည်မူအပြည့်ဖြင့် ဆိုလာသည်မှာ 

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now