042: အလုအယက်ဝယ်ကုန်ကြပြီ

Start from the beginning
                                    

ယနေ့သည် ဟိုလိုဂရပ်ဖစ် ၏ပထမဆုံးနေ့ဖြစ်သောကြောင့် ဉီးထုပ်-အသုံးပြုသူအသစ်များနှင့် ကီးဘုတ်အသုံးပြုသူကစားသမားဟောင်းများသည် အွန်လိုင်းပေါ်အပြေးအလွှားရောက်လာကြပြီး ဂိမ်းထဲမှာ အရမ်းအသက်ဝင်နေလေသည်။

သို့သော် ထိုလမ်းသွားလမ်းလာများအတွက် ပထမဆုံးစိတ်ဝင်စားသည်မှာ မီးနှင့် အားကျင့်ကို မဟုတ်ပေ။ သူ တို့၏အမည်များကို ဟိုလိုဂရပ်ဖစ် မုဒ် တွင် ဝှက်ထားခဲ့ပြီး မီး သည် နာမည်ကြီးသော်လည်း သူ၏ ပုံစံမှာ သူများထက်ထူးခြားနေတာမျိုးမရှိပေ။ ထို အပြင် တရားဝင်ဂိမ်းကုမ္ပဏီက Dungeon ရဲ့ Boss ကို ဒီဇိုင်းဆွဲဖို့ သူ့ပရိုဖိုင်ကို အသုံးပြုပြီးကတည်းက ပိုက်ဆံအလုံအလောက်ရှိသရွေ့ ဂိမ်းဆိုင်မှာ နှလုံးသားမဲ့ မီး နဲ့ တူညီတဲ့အဝတ်အစားတွေကို ဝယ်နိုင်ကြလေသည်။ မီး ၏အသွင်အပြင်ရဲ့ အခြားအင်္ဂါရပ်များပင်လျှင် သူ၏တိုက်ရိုက်ထုတ်လွှင့်သည့်ဗီဒီယိုများကိုခွဲခြမ်းစိတ်ဖြာနိုင်လောက်အောင် စိတ်ရှည်သည်းခံထားသူများသည် တုပနိုင်သည်။

ဖြတ်သွားဖြတ်လာတွေရဲ့ အာရုံစူးစိုက်မှုကို ဖမ်းစားနိုင်တာက တကယ်တော့ သနားဖွယ် မီးလျှံပါပင်။ တစ်ကိုယ်လုံး မီးနဲ့ပြည့်နေတဲ့ ဒီပျံသန်းနိုင်တဲ့ သားရဲ က တောက်ပလွန်းတယ်!

ချွိုင်ဖုန် ကျွန်းပေါ်သို့ သူတို့၏သားရဲ နှင့်အတူ ငြိမ့်ညောင်းစွာ ဆင်းသက်လာသည်ကို မြင်တွေ့ရသောကြောင့် လူအချို့က သူတို့ကို ဝိုင်းကြည့်ရန် လာရောက်ခဲ့ကြသည်။

ဤလူများထဲတွင် "သွေးရေကန် အဖြစ်အပျက်" ကို တွေ့ကြုံဖူးသော ကစားသမားများလည်း ရှိလေသည်။ ထိုအချိန်တွင်လည်း မီးသည် အားကျင့် နှင့်အတူသနားဖွယ်မီးလျှံ ကို စီး၍ ပြေးသွားဖူးသည် ။ တစ်စုံတစ်ယောက်က အဲဒါကို ပြန်သတိရကာ သားရဲကနေ အဲဒီအပေါ်မှာစီးနေတဲ့ ကစားသမားတွေဆီ အာရုံပြောင်းသွားတော့၏။

မီးနှလုံးသားမဲ့ နှင့်ဆင်တူသောအသွင်အပြင်ကိုမြင်သောအခါ ဤကစားသမားသည် အံ့အားသင့်သွားသည်။ ဒီလူက တကယ်ပဲ ကြီးမြတ်တဲ့ နတ်ဘုရားနဲ့ သူ့ဇနီးလား? ဒါပေမယ့် ကြီးမြတ်တဲ့ နတ်ဘုရားရဲ့ ဇနီးက ဘာလို့ အရွယ်မရောက်သေးသူနဲ့ တူနေရတာလဲ?  သေးသေးလေးလား? OAO

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now