လမင်း အိပ်ချင်လာပြီမို့ အိမ်ထဲဝင်ရန်အတွက် စားပွဲပေါ်က ဖုန်းကို လှမ်းယူကာ အိမ်ထဲတွင်း ဟင်းချက်ရန် ကျန်ခဲ့သော ဒေါ်ကြီးသိန်းကို ခေါ်ရန် ပြင်နေစဉ် ခြံထဲ မောင့်ကား ဝင်လာ၏။

မောင်ဟာ ခြံထဲဝင်လာကတည်းက လမင်းကို မြင်သည် ထင်ပါ၏။
ကားပေါ်က ဆင်းတာနှင့် ခြေလှမ်းတို့ကို မပြေးရုံတမယ် နှင်ပြီး လမင်းအနားရောက်လာ၏။

" မောင့်လမင်း! ဘာလို့ ခြံထဲ တစ်ယောက်တည်း ဆင်းနေတာလဲ "

" ကလေးလေးတွေကို စာဖတ်ပြရင်း လေသန့်လေး လာရှူတာပါ"

" ဒါဆို ဒေါ်သိန်းကို အနားခေါ်ထားပါ့လား ဒါမှမဟုတ် မောင်လာမှ အတူတူ ခြံထဲ လမ်းဆင်းလျှောက်တာမျိုး လုပ်မှာပေါ့ကွာ
တစ်ယောက်တည်း ထ မလာပါနဲ့ မောင် စိတ်မချပါဘူး မိုးတွေက ညိုလာပြီ လာ လာ အိမ်ထဲ ဝင်ကြရအောင်  "

" စကားတွေ များလိုက်တာနော် ဦးခန့်စေထွဋ်နောင်
  လမင်းကို ဒေါ်သိန်းပဲ လိုက်ပို့ပေးတာ အခုလည်း ဒေါ်သိန်းကို ဖုန်းဆက်ပြီး လာခေါ်ပေးဆိုပြီး ပြောမလို့ပါ "


" မသိဘူးကွာ  မောင် စိုးရိမ်တယ် !  မောင့်မှာ ဒီ အသည်းနှလုံးလေးနဲ့ ဗိုက်ထဲက ပိစိနှစ်ယောက်ကို စိတ်မချလို့ အလုပ်တောင် ဖြောင့်အောင် မလုပ်နိုင်ဘူး  ဒယ်ဒီက မျက်စိရှုပ်လို့
မောင့်ကို ခွင့် ၃လပေးလိုက်တယ် "

" တစ်ကယ်! "

" အင်း ...အဲ့တာကြောင့် မောင့်လမင်း မီးဖွားပြီးတဲ့အထိ မောင်က အနားမှာ ကပ်နေမှာ "

" အင်းပါ ...အခုတော့ လမင်း အိပ်ချင်လာလို့ လိုက်ပို့ပေးအုန်း "

" ဟုတ်ကဲ့ပါ လာ မောင့်ကို တွဲပြီး ပုံမှန်ပဲ လျှောက် "


မောင်ဟာ အမျိုးမျိုးအဖုံဖုံ သည်းသည်းလှုပ် တတ်လှပါသည်။

ကိုယ်ဝန် စရှိခါစ ဝမ်းကြီးနာစွဲခြင်းဝေဒနာကိုလည်း မောင်သာ ခံစားခဲ့ရ၏။ 
ဆီးစစ်တံကို ရင်ဝယ်ပိုက်ကာ ၃/၄ရက်လောက် ငိုလိုက်ရယ်လိုက်
ဖြင့် ဝမ်းသာလုံးဆို့ နေတဲ့ မောင့်ပုံစံကို မြင်ဖူးတာကြောင့်
လမင်း မောင့်အတွက် မိသားစုလေး ဖန်တီးပေးရတာကို ကျေနပ်မိသလို အတိုင်းမသိ ပျော်ရသည်။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now