မေတ္တာရစ်ပတ်ကာရယ် Review

3.2K 82 6
                                    

" ကိုရင်မောင် .. ကျုပ်ကိုသေသေချာချာကြည့်စမ်း။
ကျုပ်ကို သေသေချာချာကြည့်ပြီးမှ ခင်ဗျားစိတ်ထဲရှိသလိုအမှန်တိုင်းသာပြော ။ ခင်ဗျားစိတ်ထဲမှာ ကျုပ်ကို ဘယ်လိုကောင်စားလို့ထင်နေတာလဲ "

               (မြို့အုပ်မင်း ရွှေခြူးနောင်)

" ခွေးမဖြစ်ခင် -ျီးစားသင်ချင်နေတဲ့ကောင် "

               (ခင်မောင်ချိန်း)

"ကျုပ်အချစ်က တစ်နှစ်မှတစ်ခါထွက်လာရတဲ့ မျှစ်စို့ကြီးတွေလိုပါပဲဗျာ။ ကိုရင်မောင် ပြုတ်စားလိုက စား၊ ကြော်စားလိုက စား ။ ဘယ်လိုစားစား ဘယ်အချိန်စားစား စားလိုက်တဲ့အချိန်တိုင်း လျှာကြောတစ်ထောင်စိမ့်ဝင်သွားအောင် အရသာတွေ့ရမှာပါဗျာ ။ စားကြည့် အားရှိ တအားထိသွားစေဖို့အာမခံပါတယ်၊ စားကြည့်လိုက်ဖို့ ဘာကြောင့်တွန့်နေရတာတုန်းဗျာ"

                    ( မြို့အုပ်မင်း ရွှေခြူးနောင် ) 

"ကျုပ်အတွက်တော့ ခင်ဗျားက ပဒိုင်းသီးနဲ့ကျီးအာသီးကိုအချိုးကျကျရောစပ်ထားတဲ့ကောင်ကြီးလိုပါပဲဗျာ။ဆုပ်စူး စားရူး ရှုမိရင်လဲမူးဦးမယ်။ ဒီကြားထဲအပြင်ပန်းနံ့သာချယ်ပြီး အတွင်းစိတ်ကပုတ်သေး။ ခင်ဗျားကိုမြင်လိုက်ရတဲ့အချိန်တိုင်းမှာ မျက်နှာသနပ်ခါး ပေါင်သေးကြောင်းနဲ့
အစွယ်ငေါငေါလူ့ဘီလူးက ကျီးအာသီးနဲ့ပဒိုင်းသီးကိုလက်တစ်ဖက်စီကနေဆွဲကိုင်ထားရင်း လူ့ပြည်ကိုဒုက္ခပေးဖို့အတွက် ဘီလူးသက်ကြွေလာရတယ်လို့သာ ထင်နေမိတာပဲဗျာ"

                   ( ခင်မောင်ချိန်း )

Wp အကောင့်ပြန်ဖွင့်ပြီးထဲက စာတစ်ပုဒ်သေချာမရေးနိုင်ခဲ့ဘူး။ရေးလိုက်Un လိုက်နဲ့ တစ်နှစ်တောင်ကျော်လာပြီ။ အခုတော့ သေချာပြန်ကြိုးစားကြည့်မယ်တွေးမိတယ်။ ထွက်သွားမလား ရှိနေဦးမလားဆိုတာမတွေးပဲရေးနိုင်၏ မရေးနိုင်၏ ကိုယ်ဘာသာစာမေးပွဲပြန်စစ်တာမျိုးပေါ့။ဒီတစ်ခါတော့ အဆုံးထိပြန်လျှောက်ကြည့်မယ်လို့ တွေးမိတာပဲ။

ဒီ Fic လေးထဲမှာတော့ ဘိလပ်ပြန်မြို့အုပ်မင်းနဲ့
ရွာကကျောင်းဆရာလေးတို့ကြားထဲက ချစ်စရာအချစ်ဇာတ်လမ်းလေးအကြောင်း ပုံဖော်မှာပါ။

မေတ္တာရစ်ပတ်ကာရယ် ( မေတ္တာရစ်ပတ်ကာရယ် )Where stories live. Discover now