မြေအောက်အကျဉ်းခန်းတွင် အားခုန်းသည် ရုတ်တရက် ကြောက်လန့်နေသော လူတစ်စုကို ဦးဆောင်လာသည့် ကြောင်တစ်ကောင်ကို ချီလာသော လူငယ်တစ်ယောက်ကို တွေ့လိုက်သည်။ ထိုသူများအားလုံးသည် ယွီဟောက်၏ လက်ပါးစေများဖြစ်ကြသည်။

"ဒေါက်တာယင်.."

ရှောင်ကျင်းက လှမ်းအော်သည်။

"ခင်များက ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ.... ခင်များကိုလည်း သူတို့ဖမ်းလာတာပဲလား...."

'သူက အခု ဒေါက်တာဝိုင် ဟ'

ကျန်းကျိရင် အတွေးဖြင့် ဖြေလိုက်သည်။

'အိုင်း အခုက အတိတ်ကို ပြန်တမ်းတအမှတ်ရနေရမဲ့ အချိန်မဟုတ်ဘူး ရှောင်ကျင်းရ'

သူက စိတ်ပူနေသော်လည်း ယင်ညန်သည် ရှောင်ကျင်းကို လစ်လျူရှုထားကာ သူ့လက်မောင်းထဲမှ ကြောင်ကလေးကို ငုံ့ကြည့်သည်။

ကျန်းကျိရင်က လျော့လျဲသွားသည့် လက်ကို အခွင့်ကောင်းယူ၍ ရှေ့သို့ ခုန်ထွက်သွားကာ အကျဉ်းခန်းတံခါးမှ သော့ကို တင်းနေအောင် ကိုင်ထားသည်။ သူ့ကို ယင်ညန် သံသယဝင်သွားမည်ကို လုံးဝ မကြောက်ပေ။ ထို့အပြင် သူသည် တကယ်တမ်းတွင် ကြောင်တစ်ကောင်ဖြစ်နေသည်ကို အခွင့်အရေးယူ၍ အဆင်အခြင်မဲ့လုပ်ရပ်များ လုပ်ရန် မရည်ရွယ်ပါ။

"မီမီ ဆင်းလာခဲ့ အဲဒီမှာ လျှပ်စစ်လွတ်ထားတာ"

ယင်ညန် သူ၏ ကြောင်ကလေး ဗို့အားပြင်းလျှပ်စစ်နှင့် ထိမိသွားမည်ကို တွေးမိပြီး ရုတ်ချည်း လန့်ဖြန့်ထူပူသွားသည်။

ကျန်းကျိရင် သူ၏ ကြောင်မျက်နှာလေးနှင့်ပင် ရှုံ့မဲ့ပြလိုက်ပြီး အားခုန်းတို့ဆီသို့ ဆက်၍ လျှောက်သွားသည်။

"မင်း သူတို့ကို လွတ်ပေးစေချင်တာမလား"

ယင်ညန် မျက်ခုံးတစ်ဖက်ပင့်၍ ကျန်းကျိရင်ကို ကြည့်သည်။

ကြောင်ကလေးက ရူးမိုက်စွာ ခေါင်းညိတ်ပြသည်။

"ကောင်းပြီ"

ယင်ညန် ခပ်ဝေးဝေးတွင်ရပ်နေသော အစောင့်များဘက်လှည့်လိုက်သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now