🥦 Chapter 3

En başından başla
                                    

“ဖိသိပ်ထည့်ထားတဲ့ထဲက ဘီစကစ် တစ်ယောက်တစ်ခုစီရမယ်၊ ဝက်ပေါင်ခြောက်နဲ့ ဝက်အူချောင်း ကနည်းနည်းပဲပါတာဆိုတော့  ငါ နဲ့ ကျို့ခိုင်နှစ်ယောက်ပဲ စားရလိမ့်မည်။ ငါ အမျိုးသမီးတစ်ယောက်လေ၊ ကျို့ခိုင်က ဖွံ့ဖြိုးခါစကလေးလေးဆို တော့ အဟာရရှိဖို့ပိုလိုအပ်တယ်”

လင်းဝမ်သည် သူတို့တွေ အစားအသောက်တွေကို အလွန်အကျွံစားလိုက်မိသလို ခံစားလိုက်ရသည်။ နောက်ထပ်တစ်ခေါက်စားဖို့ အခု သူမထံ ဘီစကွတ်ဆယ်ချပ်နဲ့ ဝက်အူချောင်းလေးခုသာကျန်တော့သည်။

ရိုက်ကူးရေးအဖွဲ့အနေဖြင့် ၎င်းတို့ဖြစ်ပျက်နေသည်ကိုကြည့်ပြီးအံ့အားသင့်သွားခဲ့သည်။ သို့သော် ယခု တိုက်ရိုက်ထုတ်လွှင့်နေဆဲဖြစ်သည့်အတွက် ထိုအပိုင်းများကို ဖြတ်တောက်၍မရသဖြင့် အားလုံးကိုပြသရန်ကလွဲပြီး သူတို့ထံအခြားရွေးချယ်စရာမရှိပေ။ ဖြစ်ပျက်နေသည့်အရာအားလုံးကြားမှ လီကျို့ရွှမ်ကိုအားပေးနေကြသည့် ပရိသတ်များစွာရှိကြောင်း ရှင်းရှင်းလင်းလင်းသိထားပြီးဖြစ်သည်။လီကျို့ရွှမ်ကြောင့် သူတို့မိသားစုတစ်လွဲလုပ်နေသည့်အရာအားလုံးကိုကြည့်ပြီး ပျော်ရွှင်စွာထောက် ခံပေးနေကြသည့် ပရိသတ်များလည်းရှိနေသေးပြန်သည်။

လီကျို့ရွှမ် ကင်မရာဘက်ကိုလှည့်ပြီးဘီစကစ်ကိုလွှင့်ပစ်လိုက်သည်။ သူ ငတ်သေသွားရင်တောင်မှပဲ အဲ့ဒါကို လုံးဝစားမှာမဟုတ်ဘူး။ ပြီးတော့ သူကင်မ ရာကိုလှည့်ကြည့်လိုက်ပြီး ဘာမှမဖြစ်သလိုဟန် ဆောင်ပြနေခဲ့သည်။ လီကျို့ခိုင်သည် မည်သည့်အချိန်တွင်ဘယ်လိုနေထိုင်ပြီး မည်သို့သရုပ်ဆောင်ရမည်ကိုသိနေသည်။ သူသည်အဆိုပါအစာခြောက်များကို သုံးရက်နှင့်သုံးညလောက်စားသုံးခဲ့ပြီး အွန်လိုင်းပေါ်တွင်အချိန်ဖြုန်းနေခဲ့သည်။

လီကျို့ခိုင်သည် ကြည့်ရှုသူအားလုံးကို ဝက်အူ ချောင်းစားနေရသည့်အဖြစ်အားသိရှိစေရန် ရည် ရွယ်ချက်ရှိရှိနှင့် ကင်မရာရှေ့တွင်စားသောက်ပြနေခဲ့သဖြင့် ပရိသတ်များဒေါသထွက်ခဲ့ကြရသည်။

[ရွှမ်ရွှမ် ဘာလို့အဲ့ဒါတွေစားနေရတာလဲ ? အဲ့ဒါနဲ့ သူ့မျက်နှာကိုပစ်ပေါက်လိုက်စမ်းပါ၊ ငါတို့ရွှမ်ရွှမ်လေး စားဖို့အတွက် အခုပဲအော်ဒါမှာပြီးပို့ပေးလိုက်မယ်]

အသုံးမ၀င်သောမိထွေးသည် လင်ပါသားများအား Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Hikayelerin yaşadığı yer. Şimdi keşfedin