' မသွားချင်ဘူး။ ပြီးတော့ နိုက်ကလပ် ဆိုတာ ဘာလဲ ဆိုတာရော မင်း သိလို့လား ...။'

' ဟုန်လုံ ပြောတော့ အရက် သွားသောက်ပြီး က ကြတာဆို ...။'

' အေးလေ ...။ မင်းက အရက်လည်း မသောက်ဖူးသေးပဲနဲ့ ဘယ်လို သွားသောက်မလဲ ...။'

ထိုစဉ် ...

' သူ သွားချင်နေတာကို သွားခိုင်းလိုက်ပါ။ အဲ့ဒါမှ သူလည်း ကုန်းပေါ် တက်လာတာ အကျိုး ရှိမှာပေါ့။'

ရှောင်းကျန့် ဝင်ပြီး ထပ်ဆွ ပေးလာတဲ့ ရိပေါ်ရဲ့ စကားကြောင့် မျက်လုံးသေနဲ့ စိုက်ကြည့်လိုက်ပြီး ...

' ခင်ဗျား ဘာလို့ မဟုတ်တာဆို အရမ်းကို လုပ်ဖို့ တွန်းအားပေးနေတာလဲ။ ပြီးတော့ ဟော်ရှင်း ပါ ပါ နေတာကို ကလပ် က သွားစရာလား ...။'

' ရော် ... တွန်းအား ပေးတယ်လို့တော့ ဘယ်ဟုတ်မလဲ။ သူ မသိသေးတဲ့ အရာ ကို "ဘာ" ဆိုတာ သိအောင် လုပ်ပေးသင့်တယ် မဟုတ်ဘူးလား။ တစ်ချို့အရာဆိုတာ ကောင်းတာလား မကောင်းဘူးလား ဆိုတာ ကိုယ်တိုင် ကြုံ ကြည့်သင့်တယ်လေ။'

ရိပေါ် ရှောင်း ကို ပြောပြီး ဟော်ရှင်း ကို ကြည့်ရင်း ...

' ဟော်ရှင်း ကိုက ဟုန်လုံ ကို အိမ်ပြန်လိုက်ပို့ခိုင်းလိုက်မယ်။ မင်း ရယ် ကိုယ်ရယ် မုလုံ နဲ့ ကျန်တစ်ယောက်ရယ်က ကလပ် သွားကြမယ်။'

ဟုန်လုံ ကတော့ သွားမယ့် စာရင်းထဲ သူ မပါဘူး သိရတာနဲ့ စားပွဲဝိုင်းမှာ ပြန်သွားထိုင်လိုက်သည်။

' အဟင်း !!!.'

ရှောင်းကျန့် ရိပေါ် ကို သွား စေ့ ပြီး ရယ်ပြလိုက်ရင်း ...

' သွားမယ့် အထဲ ကျနော့်ကို ထည့်မတွက်နဲ့။ သွားချင်ရင် ခင်ဗျားတို့ပဲ သွားကြ ...။'

' ရှောင်းကျန့် မင်း ကလဲ ... ဘာလို့ မလိုက်တာလဲ။ မင်း မပါတော့ ငါက ဝမ်ရိပေါ် ကို လိုက်ပို့ခိုင်းရမှာ အားနာစရာကြီး ...။ လိုက်ခဲ့ပါကွာ ...။ ငါ က မသွားဖူးလို့ သွားကြည့်ချင်တာ။ ခဏပဲ ...။ သွားကြည့်ပြီး ဘာ ဆိုတာ သိတာနဲ့ ပြန်ကြမယ် ...။'

ရှောင်းကျန့် သူ့ လက်ကို လာဆွဲလွှဲနေတဲ့ မုလုံ ရဲ့ လက်ကို ဆွဲဖြုတ်လိုက်ပြီး ...

What's wrong? ( Completed )Where stories live. Discover now