039:သဘာဝသားရိုင်း

Beginne am Anfang
                                    

ရေသေ သည် ထိုအချင်းအရာ အားလုံးကို အဝေးမှမြင်ပြီးပြောလာလေသည်။

"နှလုံးသားမဲ့ အာ မင်းမိန်းမကအရမ်းအစွမ်းထက်တာပဲဟ!"

မီး သည်လည်း ဟဲကျင့်ရဲ့သွေးကို အချိန်မရွေးပြန်ဖြည့်နိုင်ရန် အာရုံစိုက်နေသောကြောင့် ဟဲကျင့် ရဲ့ သူရဲကောင်းဆန်စွာ သတ်ဖြတ်နေမူကို သူမြင်ခဲ့လေသည်။ သူသည် ဟိုလိုဂရပ်ဖစ်အခြေအနေတွင် ဟဲကျင့်၏ တိုက်ခိုက်ရေး ရေးစွမ်းရည်သည် ဤမျှကောင်းမွန်လိမ့်မည်ဟုပင် မမျှော်လင့်ခဲ့ပေ။ ရေသေ နှင့် လွင့်မျော တိမ်တိုက် ကဲ့သို့သော နတ်ဘုရားများသည်ပင် ပထမဆုံးအကြိမ် တိုက်ခိုက်သတ်ဖြတ်ခြင်းတွင် လိုက်လျောညီထွေရှိရန် ခက်ခဲနေသေးသော်လည်း ဟဲကျင့် သည် အမှန်တကယ်ပင် ပေါ့ပေါ့ပါးပါး ကစားခဲ့သည်။

လက်တွေ့ဘဝတွင် ထိန်းချုပ်ထားသော အိမ်မွေးတိရိစ္ဆာန်တစ်ယောက်အနေဖြင့် ဟဲကျင့် ၏ အသိဉာဏ်သည် အလွန်ရှင်းလင်းနေပြီး သူ၏လှုပ်ရှားမှုများသည် လိုက်လျောညီထွေရှိကာ ချိန်ညှိနိုင်သောကြောင့် အမှန်တကယ် ချီးကျူးစရာဖြစ်သည်။ သူ၏သတ်နိုင်စွမ်း သည် ပူပြင်းဝိဉာဏ် သားရဲနှင့်တန်းတူမဟုတ်သော်လည်း သူ၏အခြားအရာများသည် စနစ်အိမ်မွေးတိရစ္ဆာန်များထက်သာလွန်သည်။

မည်သို့ပင်ဆိုစေကာမူ သတ်နိုင်စွမ်းကဲ့သို့သော အရာများသည် အမှန်တကယ်တွင် ပစ္စည်းကိရိယာများ၏ အရည်အသွေးနှင့် ကျောက်များပေါ်တွင်မူတည်ပြီး နောက်ပိုင်းတွင် ၎င်းကိုတည်ဆောက်ဖို့ ငွေကြေးအနည်းငယ်သုံးစွဲပြီး ဟဲကျင့်ကို ကူညီနိုင်လေသည်။မီး ၏ မျက်နှာပေါ်ရှိ အပြုံးသည် ဂုဏ်ယူမှု အပြည့်ရှိနေကာ ရေသေ ကိုပြောလာတော့သည်။

"ဒါပေါ့  မင်းက သူ့ကို ဘယ်သူ သင်ပေးထားတယ်လို့ထင်လို့လဲ?"

ရေသေ: "အာ ငါလည်း Spirit Pet နဲ့ ကစားချင်တယ်"

ဟဲကျင့် သည် သူ့အတွက် ရေသေ ၏ ချီးမွမ်းသံကို မကြားဘဲ ပိုးမွှားများကို ဆက်လက်သတ်ဖြတ်ကာ အသင်းအတွက် ခွန်အားအချို့ရရှိအောင် ကြိုးပမ်းခဲ့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Wo Geschichten leben. Entdecke jetzt