🥦 Chapter 2

Zacznij od początku
                                    

လင်းဝမ် လှေကားမှဆင်းလာချိန်တွင် လီကျို့ခိုင် အံ့အားသင့်သွားသည်။ သူ့ကိုယ်သူ လီကျို့ခိုင်ရဲ့ အမဆိုပြီး တခြားသူတွေကို မိတ်ဆက်ရင်တောင်မှ ယုံကြည်ကြမည်မှာသေချာသလောက်ပင်။

“အန်တီ ဘာတွေလုပ်နေတာလဲ ? သွားကြမယ်"

လင်းဝမ်သည် သူ့ ဦးထုပ်ဖြူ၏အစွန်းကိုကိုင်ကာမြှောက်ပြလိုက်သည်။

"အန်တီ ဘာလို့ လက်ဖဝါးအရွယ်လောက်ပဲရှိတဲ့ ကျောပိုးအိတ်ကိုယူလာတာလဲ ? သားတို့ လန်ရွာမှာ တစ်ပတ်လောက်နေရမှာနော် !”

လီကျို့ခိုင်သည် လင်းဝမ်၏ကျောတွင် လွယ်ထားသည့်အနက်ရောင်သားရေကျောပိုးအိတ်ကို လက်ညိုးထိုးပြီးပြောလိုက်သည်။

ကိုယ့်အဝတ်အစားကို ကိုယ်တိုင်ပြင်ဆင်ခဲ့ရပေမယ့်လည်း သူ(မ)က မိဘတစ်ယောက်အနေနဲ့ ချက် ပြုတ်တာလောက်တော့ တာဝန်ယူသင့်တယ်လေမဟုတ်ဘူးလား ? လီကျို့ခိုင် စဉ်းစားလိုက်မိသည်။ အဆိုပါ ပရိုဂရမ်၏စည်းမျဉ်းအရဆိုလျှင် အစား အသောက်များကိုပြင်ပမှ ယူဆောင်လာခွင့်မပြုပေ။ ပြိုင်ပွဲဝင်များသည် ၎င်းတို့ကိုပြိုင်ပွဲအတွင်း လဲ လှယ်ခြင်း (သို့မဟုတ်) ဝယ်ယူထားသည့်ပစ္စည်းများကို တခြားမိသားစုများနှင့် လဲလှယ်ခြင်းသာပြုလုပ်နိုင်သည်။

“ဒီအဝတ်အစားတွေက ခြောက်ဖို့လွယ်တယ်၊ နည်းနည်းပဲထည့်လာတာ ၊ အိတ်ထဲမှာ ဘီစကွတ်၊ ဝက် ပေါင်ခြောက်နဲ့ ဝက်အူချောင်းတွေလည်း ဖိသိပ်ထည့်ထားသေးတယ်။”

လင်းဝမ်သည် ပစ္စည်းအများကြီးယူဆောင်ကာ အပြင်ထွက်ရခြင်းကိုမုန်းတီးသည်။ ထိုရွာတွင် (၇) ရက်လောက်နေရမည်ဖြစ်သော်လည်း သူ အခုတည်းက ခရီးဆောင်အိတ်ဆွဲနေရတာကို ပင်ပန်းနေပြီ။

လီကျို့ခိုင်သည် သူ့အား ခဏလောက်စိုက်ကြည့်လိုက်ပေမဲ့ ဘာမှဆက်မပြောလာတော့ဘဲ လင်းဝမ်ကို လက်မသာထောင်ပြလိုက်တော့သည်။

………

လန်ကျေးရွာရှိ 'We Are Also Very Ordinary' တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွင် ပါဝင်ရန် မိသားစုငါးစုရောက်ရှိလာခဲ့သည်။ လီကျို့ရွှမ်တို့မိသားစုအပြင် အခြားမိသားစုလေးစုပါအသီးသီးရောက်ရှိလာကြသည်။

အသုံးမ၀င်သောမိထွေးသည် လင်ပါသားများအား Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Opowieści tętniące życiem. Odkryj je teraz