Part 13 - First Kiss

Start from the beginning
                                    

ကြွေထည် အကွဲအစတွေအထက် ရောက်နေတဲ့ သူ့ လက်ကို ထပ်တက်နင်းရင်း ဆိုလာသည်

" မင်းကြောင့် Appaနဲ့ အချေအတင်ဖြစ်ရတာ ငြီးငွေ့လာပြီ! မင်းလိုဘာမဟုတ်တဲ့ကောင်ကို အသိုင်းဝိုင်းကြီးထဲ ဆွဲခေါ်နိုင်ဖို့ လုပ်နိုင်သမျှလုပ်နေတာ ငါ့ကိုဒေါသထွက်စေတယ် "

လက်ဖျံတစ်ခုလုံး စူးအင့်နေတဲ့ နာကျင်မှုကြောင့် သူမသိတဲ့ သူ့ပေါ် ပုံချလာတဲ့ဒေါသကို ပြန်မေးခွန်းမထုတ်နိုင်ပါ

" ငါတို့မိသားစုအတွက် မင်းက စိတ်ပျက်စရာကောင်းတဲ့ အမှိုက်တစ်ခုပဲ "

ဂေါက်ရိုက်တံကို သူ့ရင်ဘက်ပေါ်ဖိထောက်ရင်း နောက်ဆုံး ခြိမ်းခြောက်ဆိုသွားသည့်စကား

" အမှိုက်က အမှိုက်နေရာမှာ မရှိပဲ အဆင့်တက်ဖို့ကြိုးစားရင် ဒီထက်ပိုဆိုးမယ်ဆိုတာ သိထား "

*End of flashback

လမ်းဘေးညမီးတိုင်နားက ခုံတန်းပေါ် ထိုင်နေသည့် သူတို့နှစ်ယောက်

JaeHoon မျက်နှာနဲ့လက်ကဒဏ်ရာတွေက အဖေတူအမေကွဲအကိုလက်ချက်မှန်း Dabin သိလိုက်ရချိန်

" ဒီလိုတွေ ကိုယ်ထိလက်ရောက်လုပ်နေတာ
အဖေ မသိဘူးလား "

မသိအောင်နေတာဆို ပိုမှန်မည် သိလို့လဲ ပိုကောင်းလာမှာမျိုးမရှိလို့

JaeHoon ခေါင်းသာခါလိုက်သည်

" အမြဲတမ်း...ဒီလိုပဲ သည်းခံနေခဲ့တာလား? "

"....."

" တစ်ယောက်တည်း ဒီလိုပဲ မြိုသိပ်နေခဲ့တာလား? "

"....."

" ဒီလိုပဲ ငြိမ်ခံနေခဲ့တာလားလို့ !? "

သူမ ဘေးမှာ တိတ်ဆိတ်စွာ ထိုင်နေတဲ့ ကောင်လေးကို Dabin အားမလိုအားမရ မေးလိုက်သည်

ကိုယ်ချစ်တဲ့သူ ဘယ်လိုနာကျင်ခံစားနေရလဲမသိ...သူ့အတွက် ကာကွယ်ပေးမဲ့သူမရှိတဲ့ အိမ်ထဲ ဘယ်လို ရှင်သန်နေခဲ့လဲမသိပဲ သူ့ကိုသဘောကျတာကလွဲပြီး ဘာမှမသိခဲ့တဲ့ကိုယ့်ကိုလဲ အပြစ်တင်စိတ်ဖြစ်မိသည်

" နင့်ကိုစိတ်ရှိတိုင်း အနိုင်ကျင့်ရအောင် သူကဘာမို့လို့လဲ! " *sob*

You loved Me first Where stories live. Discover now