မုန့်ဟင်းခါးသည်ကိုကြီး

28.9K 255 13
                                    

"ငါလည်း မင်းကိုလွမ်းနေတာကွာ"

Back storeထဲထိုင်ပြီး ရုံးကိုပို့ပေးရမည့် Expire&Damage စာရင်းတွေလုပ်နေရင်း ကြားလိုက်ရတဲ့စကားကြောင့် စာရွက်ပေါ်ပြေးလွှားနေသည့် သူ့လက်က ရပ်တန့်သွားသည်။ ဝမ်းနည်းစိတ်နဲ့အတူ ရင်ထဲမှာလည်း အောင့်သက်သက်။

"အညို ဘာဖြစ်လို့လဲ"

မျက်အိမ်ထဲ ဝေ့တက်လာသည့် မျက်ရည်တွေကိုမြင်တော့ အကိုက သူ့အနားပြေးလာပြီး စိုးရိမ်တကြီးမေးရှာသည်။ သို့သော် အပေါ်ယံသပ်သပ်သာ။ လုပ်ငန်းခွင်အတွင်းက အထက်လူကြီးက လက်အောက်ငယ်သားကို စိုးရိမ်သည်ဆိုသည့် အတွေးသာ စိတ်ထဲနှစ်လိုက်ပြီး အကို့ကို ခေါင်းခါပြလိုက်ကာ လုပ်လက်စဆက်လုပ်နေလိုက်သည်။

"ဪ ! ဘာမှမဟုတ်ပါဘူး ဟိုတလောကမှ ဆိုင်မှာအသစ်ဝင်တဲ့ ဝန်ထမ်းညီလေးကို အလုပ်ကိစ္စသင်ပေးနေတာ"

သူခေါင်းခါပြလိုက်တာနဲ့ ချက်ချင်းထထွက်သွားသည့် အကို့ရဲ့ကျောပြင်ကို ရင်နာနာနဲ့ငေးကြည့်မိသည်။ သူနဲ့ အကို ရေချိုးခန်းထဲ လိုးပြီးတဲ့နောက်မှ အကို့ရဲ့အကြောင်းကို သူ တစ်စွန်းတစ်စသိ သိလာရသည်။ အကိုဟာ လူရှုပ်လူပွေတစ်ယောက်။ အကိုက **မြို့နယ်ရဲ့ Supervisorမို့ သူကိုင်ရတဲ့မြို့နယ်မှာရှိတဲ့ ဆိုင်ခွဲတွေကို လိုက်ပြီးလေ့လာရတတ်တယ်။ အကို ကိုင်ရတဲ့ ဆိုင်ခွဲမှာလည်း Ukeတစ်ယောက်ရှိတယ်တဲ့။ သူနဲ့လည်း အကိုက အီစီကလီလုပ်တတ်လေ့ရှိသည်။

အခုလည်း အဲ့တစ်ယောက်နဲ့ပဲ ပြောနေတာနေမှာပေါ့။ သူ့ဘက်ကသာ ရင်ခုန်သံတွေမှားယွင်းပြီး အကို့အပေါ် စိတ်ယိုင်နေမိခဲ့တာ။ တကယ်တော့ သူ့လို ဒွိလိင်တစ်ယောက်လို အကိုက တကယ်ချစ်နိုင်မတဲ့လား။ တစ်ယောက်တည်းစိတ်ကူးတွေယဥ်နေသည့် ကိုယ့်အတွေးကိုယ် ဟားတိုက်ရယ်လိုက်ပြီး အလုပ်တွေကိုလက်စသပ်ကာ အပြင်ပြန်ထွက်လာခဲ့လိုက်တော့သည်။

အားပါးတရရယ်မောနေသည့် အကို့ရယ်သံတွေက ခါးသက်သလို ၊ သူမဟုတ်သည့် တစ်ဖက်လူကို စကားလုံးချိုချိုလေးတွေနဲ့ ကြင်ကြင်နာနာ ပြန်ပြောတတ်သည့် အကို့စကားသံတွေကလည်း သံရည်ပူတစ်ခွက်လို သူ့ရင်ကိုလောင်မြိုက်စေသည်။ အကိုနဲ့သူ့ကြားကဆက်ဆံရေးဟာ အထက်လူကြီးနဲ့ လက်အောက်ငယ်သား၊ လိုးသူနဲ့ ခံသူဆက်ဆံရေးပါပဲ။

နွေရိပ်ညိုWhere stories live. Discover now