အဆောင်မှူးကိုကြီး (၂)

63.5K 313 1
                                    

သူနိုးလာတော့ သူ့စောက်ဖုတ်ထဲလီးစိမ်ပြီး သူ့ကိုခွအိပ်နေသည့်ကိုကြီးကိုမတွေ့တော့။ ထိုအစား အိပ်ခါစကလို ကိုယ်လုံးတီးနှင့်မဟုတ်တော့ပဲ အဝတ်အစားလုံလုံခြုံခြုံနှင့်နေသည်။ ကြည့်ရတာ ကိုကြီးကသူ့ကိုအဝတ်အစားတွေပြန်ဝတ်ပေးထားသည့်ပုံရသည်။

သူထထိုင်ပြီး အိမ်ထဲအကဲခတ်ကြည့်တော့လည်း ကိုကြီး၏အရိပ်အယောင်ကိုမတွေ့။ မကြီးတို့လင်မယားအတူနေသည့်အခန်းတွင် သူနှင့်ကိုကြီးတို့လိုးခဲ့ကြသည့်အကြောင်းကိုတွေးမိတော့ သူ့စောက်ခေါင်းထဲကယားတက်လာပြီး တစ်ဆက်တည်းမှာပင် မကြီးအပေါ်တွင်လည်း အားနာစိတ်တို့ဖြစ်လာရသည်။ သူ့အပေါ်ကို အစ်မအရင်းတစ်ယောက်လို ဂရုစိုက်ပေးသည့်မကြီး။ ရွာမပြန်ခင်က သူ့ယောက်ျားကို သေချာစောင့်ကြည့်ထားပေးဖို့ ကိုကြီးမသိအောင် တိုးတိုးတိတ်တိတ်မှာခဲ့သည့်မကြီးအပေါ် သူသစ္စာဖောက်မိခဲ့ပြီ။  အားနာစိတ်နှင့်အတူ ဝမ်းနည်းစိတ်တို့က တစ်ပြိုင်တည်း ကိန်းအောင်းလာတော့သည်။

*ကျွန်တော်တောင်းပန်ပါတယ် မကြီး*

ကိုကြီးလည်းမရှိတာကြောင့် သူလည်းကိုကြီးအခန်းကနေ ကိုယ့်အခန်းကိုသာပြန်လာခဲ့လိုက်သည်။ အခန်းပြန်ရောက်တာနဲ့ သူ့စောက်ဖုတ်ထဲက အညစ်အကြေးတွေကိုသန့်စင်ဖို့အတွက် ပုဆိုးကိုချွတ်ချလိုက်ပြီး နောက်ဖေးရေခုံသို့ထွက်လာလိုက်သည်။

သူကသာ သန့်ရှင်းဖို့လုပ်နေပေမယ့် တကယ်တမ်း သူ့စောက်ဖုတ်က ကိုကြီးနှင့်မလိုးခင်ကအတိုင်းသန့်ရှင်းနေသည်။ ကိုကြီး၏ လီးရာအတိုင်းဟစိစိလေးဖြစ်နေတာကလွဲပြီး ဘာအညစ်အကြေးမှမရှိ။ ကိုကြီးပဲ သန့်ရှင်းပေးသွားတာထင်တယ်။

*ဒီလိုကျတော့လည်း ဘယ်ဆိုးလို့လဲ* ဟုတွေးပြီး အခန်းထဲပြန်ဝင်လာလိုက်ပြီး ပုဆိုးကောက်ဝတ်ကာ ညနေစာအတွက်ပြင်ဆင်ရသည်။

"အင့် ကိုကြီး"

ညနေစာချက်နေရင်း အသံမပေးပဲ အနောက်ကနေသိုင်းဖက်လာသည့် ကိုကြီးကြောင့် သူ့ကိုယ်လေး ရှေ့သို့ယိုင်သွားရသည်။ ဖက်ပြီးတော့လည်း ကိုကြီးကငြိမ်ငြိမ်မနေ။ မုတ်ဆိတ်မွှေးတွေနဲ့ သူ့လည်တိုင်ပွတ်ဆွဲနေပြန်တာကြောင့် ကိုကြီးရင်ခွင်ထဲ သူလူးလိမ့်နေရသည်။

နွေရိပ်ညိုWhere stories live. Discover now