031:တင်းနစ်ကစားနည်းသင်ပေးမယ်

Start from the beginning
                                    

"သူက ဟဲကျင့်လေ ငါ့သူငယ်ချင်းပဲ"

သူ့ရဲ့ မိတ်ဆက်စကားသည် ဟဲကျင့် ကို "စီနီယာ" ဒါမှမဟုတ် "ကျောင်းသားသမဂ္ဂထဲက တစ်ယောက်ယောက်" လို့ ပြောရမည့် အစား "သူငယ်ချင်း" ဟုပြောခဲ့သည်။ "သူငယ်ချင်း" ဆိုတဲ့ စကားလုံးကိုကြားတော့ ဟဲကျင့် ဟာ တစ်နည်းနည်းဖြင့် သက် တောင့်သက်သာ ဖြစ်စေခဲ့လေသည်။

ထိုလူငယ်လေးများက သူ့ကို စီနီယာဟဲကျင့် ဟုခေါ်ပြီး တပြိုင်နက် နှုတ်ဆက်ကြသည်။ ထိုအချိန်တွင် ချင်ယွီက သူကိုင်ထားသည့် ရက်ကတ်ကို ဘေးဖယ်ထားလိုက်ပြီး ထိုကျောင်းသားများကို ခဏကြည့်ခိုင်းထားလိုက်သည်။

သူသည် သူ၏လက်မောင်းများကို စတင်လှုပ်ယမ်း၍ သူ၏လက်အဆစ်များကို ချိုးကာ ပြောလာသည်။

"ငါတို့သွေးပူ လေ့ကျင့်ခန်းအနေနဲ့ နှစ်ပတ်လောက်ပြေးရအောင် ဘယ်လိုလဲ?"

ဟဲကျင့် သည် နှစ်ယောက်သား ပြေးနေချိန်တွင် သူ့အရှိန်ကို လိုက်ထိန်းထားသည်။ ချင်ယွီက ပြေးနေရင်းမေးလာသည်။

"မင်း ပုံမှန် လေ့ကျင့်ခန်း လုပ်လား?"

ဟဲကျင့် က ခေါင်းယမ်းလိုက်သည်။ ဟွားတက္ကသိုလ် တွင်  ပထနှစ်သမားများသည် ပထမ စာသင်နှစ် ဝက် တွင် နေ့တိုင်း နံနက်ခင်း အပြေးလေ့ကျင့်ရန် လိုအပ်သော်လည်း ဒုတိယ နှစ်ဝက်မှ စတင်၍ မဖြစ်မနေ လုပ်ဆောင်ရန် မလိုအပ်တော့ပေ။ ပထမတော့ ဟဲကျင့်သည်  ဒီအကျင့်ကို ထိန်းသိမ်းခဲ့ပြီး မနက်စာမစားခင် ထုန်ရွှမ် နဲ့ တစ်ကြိမ် ပြေးခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ လေ့ကျင့်ခန်း လုံးဝမလုပ်တော့ဘဲ ဒါကိုလုပ်ဖို့ တဖြည်းဖြည်း မေ့သွားခဲ့တော့သည်။

ခဏအကြာတွင် ဟဲကျင့် သည် မောစပြုလာသည်။ နှစ်ပတ်ပြေးပြီးနောက် တွင် ဟဲကျင့်သည် ဒူးပေါ်လက်တင်ကာ ကိုယ်တစ်ပိုင်း ကိုင်းလျက် အမောဖြေရတော့၏။

တစ်ဖက်တွင် ချင်ယွီ၏ မျက်နှာသည် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်ပင် မပြခဲ့ပေ။ ဟဲကျင့် ကို ဝေဖန်နေရင်း တပြိုင်နက်တည်း အကြောလျှော့ နေခဲ့သည်။

"မင်း ဒီလိုမျိုး ဖြစ်လို့မရဘူး အာ  မိုးနည်းနည်းမိတာနဲ့ ဖျားတာ အံ့ဩစရာမဟုတ်တော့ဘူးပဲ ပြီးတော့ အဲ့ဒါကြောင့် မင်းအအေးဒဏ်လည်း အရမ်းခံစားရတာ ဒါပြီးရင်တော့ ညတိုင်း အပြေးလေ့ကျင့်ခန်းလုပ်ဖို့ မင်းကို အဖော်လုပ်ပေးမယ် ၁၅ မိနစ်လောက် ပဲ အဲ့ဒါက  မင်းရဲ့ ခန္ဓာကိုယ်ထဲက ဖိအားအချို့ကို သက်သာစေနိုင်ပြီး အိပ်ပျော်ဖို့ ကူညီပေးတဲ့အပြင် ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးလိမ့်မယ်"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now