( ခိုးကြည့်တာမဟုတ်ပါဘူး ရှင်တို့နှစ်ယောက်က မြင်နိုင်တဲ့ နေရာမှာမှ ချစ်ပြနေကြတာကိုး )
Hyung အေးလာပြီ အထဲဝင်ရအောင်
Nae.. အတူတူအိပ်မယ်နော်
Hun ကတော့ ပြောပြီး ရှက်နေတဲ့
သူ့ hyung ကို စချင်တာနဲ့
မအိပ်ပါဘူး ဘာလို့အိပ်မှာတုန်း
ကောင်လေးမအိပ်ချင်လည်း နေပါစေတော့ hyung က ဒီအတိုင်း
Aigoo!!! အိပ်မှာ အိပ်မှာ တစ်သက်လုံးအိပ်မှာ
အဲ့ဒါကြောင့်ချစ်တာ
ချစ်ရင် ဒီကို တစ်ချက်လောက်
နှုတ်ခမ်းလေးစူ မျက်လုံးလေးမှိတ်လို့ Hun တစ်ယောက်လုပ်နေပုံက
Luhan အနေနဲ့ သူ့မျက်နှာကြီး သူပြန်နမ်းရမှာဆိုတော့ ခ်ခ် မတတ်နိုင်တဲ့အဆုံး မျက်လုံးမှိတ်ကာ မွ ပလိုက်တော့တယ် ဒီတစ်ခါတော့ အနမ်းတွေက တော်တော်နဲ့မပြီး အခုမှစမ်းသပ်မိလို့ ရစ်မူးသွားပြီထင်ပါ့
( ရှင်တို့နှစ်ယောက် ကုတင်ပေါ် ရောက်ဦးမှာလားဟင် ရောက်ပြီ ပြောရင်းဆိုရင်း )
ဒီကုတင်လေးပေါ်မှာပဲ တစ်ယောက်ရဲ့ အငွေ့အသက်ကို တစ်ယောက်ခံစား ခဲ့ကြတယ် တစ်ယောက်ခံစားချက်ကို တစ်ယောက်နားလည်းလျက် မသိချင်ယောင်ဆောင်မိခဲ့တယ် စောစောစီးစီးပွင့်လင်းလိုက်ရင်ပြီးရော ဒါပေယ့် ကောင်လေးရော သူ့ hyung ရောက အခုလည်းနောက်မကျသေး ဘူး အများကြီးချစ်လို့ရသေးလို့ ကျေနပ်တယ်တဲ့လေ
Luhan ရဲ့ ဆန့်တန်းထားတဲ့ လက်မောင်းပေါ် Hun တစ်ယောက် ခေါင်းအုံးလို့ Luhan ရင်ခွင်ထဲ အတင်းတိုးဝင်လိုက်တယ် Luhan လည်း Hun ခေါင်းလေးကို ပွတ်သပ်လျက် နှခေါင်းလေးတိုးဝင် ကာ နမ်းရှုံ့မိတယ်
လွမ်းနေရတဲ့ အငွေ့အသက်တွေနဲ့ စိတ်ရဲ့မျောလွင့်မှုကြောင့် ဟိုးအရင်က ပျော်ရွှင်ခဲ့တဲ့ နေ့ရက်တွေနဲ့ ဒီကုတင်ပေါ် ရှက်ကိုးရှက်ကန်း အိပ်စက်ခဲ့တဲ့ ညလေးက ပြန်ပေါ်လာတော့တယ်
ကျေးဇူးပါ ကံကြမ္မာရယ် ကျွန်တော်တို့ကို အခုလိုနေခွင့်ထပ်ပေးလို့
နောက်ဆုံးတော့လည်း အချစ်စစ်ဆိုတာ ပေါင်းဖက်ရတာပဲလေ ဘယ်လိုအထင်လွဲမှုတွေ ဘယ်လိုအခက်အခဲတွေပဲ ကြုံကြုံပေါ့
မနက်မိုးလင်းတော့ Luhan လက်တွေကျင်နေပြီ တစ်ညလုံးသူ့လက်ပေါ် ခေါင်းအုံးလုပ်ပြီး အိပ်နေတဲ့ ကောင်လေးကြောင့်ပေါ့ လက်ကို ဖြည်းဖြည်းလေးဆွဲထုတ်ဖို့ ကြိုးစားတော့ Hun က နိုးသွားပြီလေ
YOU ARE READING
^Second Face^ ( Completed )
Fanfiction*Hunhan *Yaoi *အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အမုန်း *အမုန်းကြောင့် မှားမိပြီးမှ *နောက်ဆုံး အချစ်တွေ ပြန်လည်ရှင်သန်မှာလား ဆိုတာတော့
^Second Face^ Part-28 ( Final )
Start from the beginning
