At weeding day...,
Sulli လှနေတယ် ဟုတ်ပါတယ် Sulli က ကလေးမျက်နှာလေးနဲ့ ဖြူစင်တယ် သဘောကောင်းတယ် ကူညီတတ်တယ် ပြီးတော့ချစ်ဖို့ကောင်း တယ် ဒါပေမယ့် အဲ့လိုမိန်းမလှလေးကို ကျွန်တော်မချစ်မိဘူးဗျ
ကျွန်တော် chingu မပို တစ်ခါတစ်ခါ ညီမလေးတစ်ယောက်လို Sulli ဘက်ကစဉ်းစားကြည့်ပြန်တော့ မိန်းကလေး တစ်ယောက်အနေနဲ့ ကိုယ်မချစ်တဲ့လူ ကိုယ့်ကိုမချစ်တဲ့လူနဲ့ လက်ထပ်ရမှာလေ
သူရောကျွန်တောရော မိတ်ဆွေအဖြစ်နဲ့ ပဲနေသွားနိုင်ရင်ကောင်းမယ် ကျွန်တော် ရင်ဘတ်ထဲမှာက တစ်ဦးတည်းသား ကျွန်တော်ရင်ခုန်မိသူ ကျွန်တော်ချစ်မိသူက တစ်ယောက်ထဲပါ
ခန်းမထဲဝင်လာသော Sulli ကိုကြည့်ရင်း Luhan အတွေးတွေ ပျံ့လွင့်လျက် မဆီမဆိုင် Sulli ကို ကောင်လေးလို့မြင်လိုက်သေး သတို့သားဝတ်စုံနဲ့ သေသပ်ပြီး smart ကျတဲ့ကောင်လေးက ပြုံးပြနေသယောင်....
ဟုတ်ပါတယ် ကျွန်တော် Luhan ရူးသွားပါပြီ ဘယ်သူမှမကယ်နိုင် အောင်ပေါ့....အဲ ကောင်လေးတော့ ကယ်နိုင်ကောင်းရဲ့ ဟားး အတွေးထဲ ရယ်မောလိုက်သေးးးး
Sulli လက်ကို ကျွန်တော်လှမ်းကိုင်ချိန် camera မီးများတဖျက်ဖျက် ကျွန်တော့်မျက်နှာချက်ချင်း ခက်ထန်သွားတယ် ဒါကို ရိပ်မိတဲ့ Sulli က ကျွန်တော့်ကို ပြုံးပြနေတယ်လေ စိတ်အေးအေးထားပါ ဆိုတဲ့ပုံစံမျိုးပေါ့
Papa ကိုလှမ်းကြည့်တော့ ခေါင်းညိမ့်ပြတယ် မင်္ဂလာပွဲက အေးဆေးပြီးသွားတယ် လာတဲ့ဧည့်သည်တွေက ကောင်းချီးပေးကြပေမယ့် ကျွန်တော့်ရင်ထဲပူလောင်ဆဲ မပျော်နိုင်
Sulli ကတော့ သူ့အဘွားပျော်နေတာ ကြည့်ပြီးသူလည်းပျော်ရွှင်နေတယ် Mama ကလည်း ကျွန်တော့်ကို ကျေးဇူးတင်စကားတွေပြောပြီး ရယ်မောလို့ ....
လက်ထပ်ပြီးနေဖို့အိမ်သစ်ကို ကျွန်တော်လေးကန်စွာ ခြေလှမ်းချရင်း နွမ်းနေတဲ့စိတ်တွေ ပင်ပန်းတာတွေ ပြေသွားအောင် ရေချိုးခန်းထဲ ဝင်စိမ်နေလိုက်တယ်
ရေချိုးခန်းထဲက ထွက်လာတော့ ကျွန်တော့်အတွက် အဝတ်အစားရွေးပြီး ပြုံးပြနေတဲ့ Sulli ကိုတွေ့လိုက်ရတယ်
ESTÁS LEYENDO
^Second Face^ ( Completed )
Fanfiction*Hunhan *Yaoi *အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အမုန်း *အမုန်းကြောင့် မှားမိပြီးမှ *နောက်ဆုံး အချစ်တွေ ပြန်လည်ရှင်သန်မှာလား ဆိုတာတော့
