^Second Face^ Part-22

3.4K 348 28
                                        

Hun ပထမဆုံး ရှာမိတဲ့နေရာလေးက သူတို့နှစ်ယောက်ရဲ့ အမှတ်တရတွေ ပြည့်နေခဲ့တဲ့ အိမ်ကလေး အခုတော့ အမုန်းတရားတွေနဲ့ပေါ့ ....

Hun စိတ်စေရာအတိုင်း လွင့်မျောကြည့်တော့ ကိုယ်တိုင်တောင် မသိဘဲ နှစ်ယောက်အတူ အိပ်စက်ခဲ့တဲ့ ကုတင်ထက် မျက်ရည်လေးတွေ ကျဆင်းလျက် ....

တစ်အိမ်လုံးသန့်ရှင်းသပ်ရပ်နေတယ် တန်ဖိုးထားခဲ့ရတဲ့ ဒီအိမ်လေးကို စွန့်ပစ်ဖို့ခက်တဲ့ Hun တစ်ယောက် အိမ်ရဲ့သန့်ရှင်းရေးအတွက် လူငှားထားတာလေ

အပြင်မှာသာမာကြောချင်ယောင်ဆောင်နေပေမယ့် နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ Luhan ဆိုတဲ့ သူ့ရဲ့ hyung မကွယ်ပျောက်သရွေ့ Hun ကတော့ ကျရှုံးနေဦးမှာပဲ

တစ်ကယ်တော့ Hun ဟာ မိဘတွေဆုံးသွားတုန်းက ထောင့်တစ်နေရာမှာ ဒူးလေးပိုက်၍ ငိုကြွေးခဲ့သော ကောင်လေးတစ် ယောက် hyung မျက်နှာကိုကြည့်ပြီး hyung ရဲ့ကောင်လေးဆိုတဲ့ အခေါ်အဝေါ်အောက်မှာ နစ်မြောခဲ့တဲ့ ကောင်လေးတစ်ယောက်ဖြစ်ဆဲပါ

ဒါတွေကို ဘယ်သူသိနိုင်မှာလဲ သူကိုယ်တိုင်တောင်မသိ ကိုယ့်ကိုကိုယ် ညာထားတာလေ ပိရိစွာပေါ့ ဘယ်လောက်ပဲ မသိချင်ယောင် မေ့ပစ်ချင်ယောင်ဆောင်နေပါစေ ဒီအိမ်လေးထဲရောက်ရင် ကလေးငယ် တစ်ယောက်လို အော်ဟစ်ငိုကြွေးနေ တာလေ

( အဲ့လောက်တောင်ချစ်ကြလား Hazel ဆိုတဲ့ အစုတ်ပလုတ်မကြီးက ခွဲထားတာမလား အကျင့်ကိုမကောင်း ဘူး အဲ့အရူးမက )

အိမ်ရဲ့အပြင်ဘက်မှာတော့ ဘာတွေဖြစ်နေလဲ Hun မသိ ပင်ပန်းတာရော ငိုလိုက်ရတော့ မောသွားတာရောပေါင်းပြီး အိပ်ပျော်သွားခဲ့တယ် တစ်နာရီလောက်ပေါ့ ..

Hun ခြံထဲထွက်လာတော့ ခြံအပြင်မှာ အမဲရောင် ဝတ်စုံနဲ့လူတွေ ရုတ်ရုတ်သဲသဲ

Hun: မင်းတို့ကဘာလုပ်နေတာလဲ ဖယ်စမ်း

Hun ပြောတာဂရုတောင်မစိုက်ဘဲ Hun ကို ဖမ်းချုပ်လိုက်ကြပြီး

သူခိုးကများ လူပြန်ဟစ်လို့ မင်းထွက်ပြေးသွားလို့ ဘယ်လောက်ခေါင်းမီးတောက်ရလဲ သိလား သွား ကားထဲဝင် ....

^Second Face^ ( Completed ) Donde viven las historias. Descúbrelo ahora