ဘာ.... မင်းမိဘတွေသေသွားတာက ဟိုလူရဲ့ appa ကြောင့်ဟုတ်လား
သိပ်ဟုတ်တာပေါ့ Luhan Hak Luhan ရဲ့ မွေးသဖခင်ကြီးကြောင့် သိပ်ကြောက်ရတယ်လေ သူကိုယ်တိုင် လည်း အဖေဆိုလှုပ်တောင်မလှုပ်ရဲဘူး
ငါထင်တာမမှားဘူးဆိုရင် မင်းတို့နှစ်ယောက်ဒီလိုတွေဖြစ်တာ အဲ့လူကြီးရဲ့ စနက်ကြောင့်လား
Sehun နှုတ်ခမ်းကို တွန့်ကွေးလိုက်တယ်
သြော် ဒါနဲ့ အဲ့ဒါသေချာလို့လား မင်းမိဘတွေနဲ့ ရန်ငြိုးရှိလို့လား
ငါအဲ့ဒါတော့မသိဘူး သူတို့ကြားထဲမှာ တစ်ခုခုတော့ရှိလိမ့်မယ် ဒါပေမယ့် ငါ့ appa မတရားတာဘာမှမလုပ်ခဲ့ဘူး
အေးပါ ငါသိပါတယ် မင်း appa က အရမ်းကောင်းတဲ့လူတစ်ယောက်ပါ
Kai Hun စိတ်တွေဖြေလျှော့ပေးဖို့ ကြိုးစားပေမယ့် မထင်မှတ်ထားတဲ့ ကိစ္စတွေရှိနေခဲ့တယ်
ဒါနဲ့ Luhan ဆိုတဲ့တစ်ယောက်က ဒါတွေကိုသိလား
မသေချာဘူး Kai သိခဲ့ရင်လည်း သူကသူ့အဖေရဲ့ ကြိုးဆွဲရာအရုပ်ပဲ
Hun ရဲ့အသံတွေမာကြောခက်ထန်နေ ပေမယ့် မျက်ဝန်းတွေက ဝမ်းနည်းပြီးအားငယ်နေမှန်း Kai မြင်နေရတယ်
Hun... ဒီကိစ္စက စိတ်လိုက်မာန်ပါ လုပ်ရမှာမဟုတ်ဘူး သေချာစဉ်းစားပါ မင်းတစ်ဘဝလုံးကို ပေးဆပ်ရမှာ ပြီးတော့ ရန်ကိုရန်နဲ့မတုံ့ပြန်တာ အကောင်းဆုံးပဲ တစ်ကယ်လို့ သေချာတယ်ဆိုရင် accident ကိစ္စကို အမှုပြန်စစ်ပြီး အရေးယူရင်ရော
သက်သေမရှိဘူး ဒါငါကိုယ်တိုင် စုံစမ်းထားတာ ရဲတွေက ဘာမှမလှုပ်ရှားဘူး သူတို့လည်း ဆုံးဖြတ်ရခက်တဲ့ ကိစ္စဖြစ်နေတယ် ပြီးတော့ သိတဲ့သူတစ်ချို့ကလည်း ငွေနဲ့ပါးစပ်ပိတ်ခံထားရတယ်
ဟ Hun ရ မင်းဟာက သက်သေမရှိဘဲ မဟုတ်သေးပါဘူး
ရှိသေးတယ် Kai ငါ company တိုးတက်ရေးကို လိုက်ပိတ်ပင်နေတယ် ငါတစ်ခါခံပြီးသွားပြီ
နေဦး ဟိုတစ်ခါ မင်းတို့ အကြီးအကျယ်ရှုံးသွားတယ်ဆိုတာလား ငါသတင်းမှာတွေ့လိုက်တယ်
ESTÁS LEYENDO
^Second Face^ ( Completed )
Fanfiction*Hunhan *Yaoi *အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အမုန်း *အမုန်းကြောင့် မှားမိပြီးမှ *နောက်ဆုံး အချစ်တွေ ပြန်လည်ရှင်သန်မှာလား ဆိုတာတော့
