^Second Face^ Part-20

3.7K 343 15
                                        

Luhan တစ်ယောက် နောက်ကိုကြည့်လိုက် ပြေးလိုက်နဲ့ပေါ့ အနောက်ကလူတွေ လိုက်လာမှာကို သူစိုးရိမ်နေတယ်လေ

ထိုချိန် ကုန်တင်ကားတစ်စီး signal မပြဘဲ လမ်းထဲချိုးအဝင် Luhan ကနောက်ကို လှည့်ကြည့်ရင်းအပြေး

Luhan အရှေ့ကိုကြည့်မိတဲ့ အချိန်မှာ ကားနဲ့သူနဲ့တော်တော်နီးကပ်နေပြီ ကားသမားလည်း ဘရိတ်ကို အမြန်ဆောင့်အုပ်လိုက်တယ်

ကံကောင်းချင်တော့ Luhan ကို မထိ ထိလုဆဲဆဲပေါ့ ကံဆိုးချင်တော့ ကားရဲ့ပြုတ်ထွက်လုဆဲဆဲ Back မှန်ဟာ ပြုတ်ထွက်ပြီး Luhan မျက်နှာကိုလာထိတယ်

အရှိန်နဲ့လာထိတာကြောင့် Luhan နာကျင်မှုနဲ့အတူ လမ်းမထက်ပစ်လဲသွားတယ် ကားတိုက်ခါနီးအခြေအနေကို လန့်သွားတဲ့စိတ်ကြောင့် သတိကမေ့လျက်

မှန်ကွဲစတစ်ချို့က မျက်နှာကို ထိုးစိုက်လျက် မျက်နှာတစ်ခုလုံး ဆိုးဆိုးရွားရွား ဒဏ်ရာများပြည့်လျက်

ကားသမားလည်း လန့်ဖြန့်ပြီး ဆေးရုံကိုအမြန်ပို့

Emergency room ထဲ Luhan ငြိမ်သက်လျက် Luhan ဆီမှာ ပိုက်ဆံအိတ်ကလွဲ၍ ဘာမှမပါ ဘယ်ကိုဘဟ်လိုဆက်သွယ်ရမှန်းမသိ ကားသမားရော ရဲရော ဆရာဝန်တွေေ အကြပ်ရိုက်နေကြတယ်

Luhan သတိပြန်ဝင်လာတော့ သူ့အတွက်ဆိုးရွားတဲ့ သတင်းတစ်ခုက စောင့်ကြိုနေတယ် ပထမဆုံး သူခံစားမိတာက ဆေးရုံအနံ့ သတိရလိုက်တာက သူထွက်ပြေးလာ ရင်းကားတိုက်မိတာ

သတိပြန်ရလာပြီလား

ကားသမားကြီးက စိုးရိမ်နေတဲ့မျက်နှာဖြင့် မေးလိုက်တယ်

Nae...

ကျွန်တော့်အမှားပါ ကျွန်တော် စွတ်ကွေ့မိလို့ ဒီလိုဖြစ်တာပါ ပြီးတော့ Back မှန် ကိုလည်းမပြင်ထားမိဘူး

အသက်ကြီးပုံပေါ်ပေမယ့် ကျွန်တော်လို့သုံးနှုန်းပြီး ပြောဆိုနေတော့ Luhan မနေတတ်

တိုက်ပြီးထွက်ပြေးမသွားတာပဲ တော်လှပြီလေ

ကျွန်တော့်အမှားလည်းပါပါတယ် ဖြစ်လာမှတော့ဘယ်တတ်နိုင်မလဲ

ဟိုလေ ကြေအေးငွေက

ကျွန်တော်ဆေးရုံမှာကြာဦးမှာလား

^Second Face^ ( Completed ) Donde viven las historias. Descúbrelo ahora