^Second Face^ Part-28 ( Final )

Start from the beginning
                                        

Hyung ကိုပြောစရာရှိသေးတယ်
ဘာပြောဦးမှာလဲ ပြော အဲ ခဏနေဦး hyung ကိုစိတ်ဆိုးပြေသွားပြီလား
hyung ရယ် ကျွန်တော်အခု ဒီကိုရောက်လာပြီး hyung နဲ့ အကြာကြီးဖက်ထား စကားတွေပြော နေတာကို စိတ်ဆိုးနေတုန်းဆို ပြန်တောင်မလာဘူး

ဟီးးးး ဟုတ်သား ဒါနဲ့ ပြောစရာရှိတယ်ဆိုတာ
aww အဲ့ဒါကလေ ဟီးး hyung ကို ချစ်တယ်လို့
သြော် ဒါများ ဟဲ ဟဲ ဘာ!!!! ဘာပြောလိုက်တာ ခုနကဘာပြော လိုက်တာလဲ

ကျွတ် မသိဘူးဗျာ လူဆိုးကြီး
( အဟိ ကလေးရှက်သွားပြီ )
ကောင်လေး ဟာ ဘယ်သွားတာတုန်း နေဦးလေ
Luhan နဲ့ Sehun ဆိုတော့ ကောင်လေးနှစ်ယောက်ရဲ့ သံယောဇဉ်တွေ အချစ်တွေကို မွေးဖွားညိတွယ်အောင် လုပ်ပေးခဲ့တဲ့ အိမ်လေးမှာတော့ ကြည်နူးစရာ အမှတ်တရလေးတွေ တဖန်ပြန်လည် လာတာပေါ့ကွယ်

ဟူးး မောတာ ပြေးလိုက်ရတာ
ခြံလေးထဲကမြက်ခင်းပြင်ပေါ် နှစ်ယောက်သားလှဲချပြီး အမောဖြေနေ ကြတယ်
ဘာလို့ထွက်ပြေးတာတုန်း ကောင်လေးရဲ့
မသိဘူး ပြေးချင်လို့ပြေးတာ

hyung ကိုပြန်မမေးတော့ဘူးလား hyung လည်းတစ်ခုခုပြန်ပြောချင် တာပေါ့
မေးမှပြောမှာလား ကိုယ့်ဘာသာ ပြောပေါ့
hyung က အရင်ပြောဖို့ ကြိုးစားနေတာ ကလေးကအရင်ဦးသွားတယ်

Luhan ပက်လက်နေရာမှ Hun ဘက်ကိုစောင်းလိုက်ပြီး Hun နှာခေါင်းလေးကို ဆွဲညှစ်ကာ
saranghae.. ကောင်လေး အရမ်းချစ်တယ် ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ နောက်ဆုံး hyung ကိုနားလည်ပေးပြီး ခွင့်လွှတ်ပေးလို့ အရမ်းချစ်တယ်

အပြောနဲ့ပဲလား သမင်လေးရဲ့
ဘာကိုလဲ ကောင်လေးရဲ့
Hun လည်းဘေးစောင်းအနေအထား သို့ပြောင်းလိုက်ပြီး မျက်လုံးလေး ကလယ်ကလယ်လုပ်ကာ အူကြောင်ကြောင်ပုံဖမ်းနေတဲ့ Luhan နှုတ်ခမ်းတွေကို သူ့နှုတ်ခမ်းတွေနဲ့ ရင်ခုန်စွာထိကပ်လိုက်တယ်

အဲ့ဒါကိုပြောတာ သမင်လေးရေ သိပြီလား အသည်းယားလာပြီ ပုံစံကိုက
ကလေးမို့လို့တော်သေး
ကလေးလို့ဘယ်သူပြောလဲ hyung သာ ကလေးလို့သတ်မှတ်နေတာ ကျွန်တော်ကလူကြီးဖြစ်နေပြီဗျ

ပထမဆုံးသောအနမ်းတို့ရဲ့ ထိတွေ့မှုက ချိုမြိန်ပြီး နွေးထွေးနေလေရဲ့ မြက်ခင်းပြင်ပေါ်မှာ ကောင်လေးနှစ်ယောက် အကြည့်တွေ ဖလှယ်နေချိန် စောစောက အနမ်းလေးကို ခိုးကြည့်မိတဲ့ လမင်းကြီးက ပြုံးနေသယောင် ကြယ်လေးတွေကတော့ ပြုံးစိစိနဲ့ မှိတ်တုတ်မှိတ်တုတ်

^Second Face^ ( Completed ) Where stories live. Discover now