ရှောင်းကျန့် သူသာ ကြားမဝင်ရင် ဒီနေ့ သွားဖြစ်မှာ မဟုတ်မှန်း သိလိုက်တာကြောင့် ကား ပေါ်မှာ ထိုင်ပြီးတာကို ပြန်ဆင်းလိုက်သည်။

' ကဲ ... ဟော်ရှင်း လေးလေး နဲ့ လိုက်ချင်တာ မလား...။ လာ ... ကားပေါ်တက်တော့။'

ရိပေါ် သူ့ကို ဂရုမစိုက်ပဲ ကား နောက်ခန်းထဲကို နှစ်ယောက်လုံး ဝင်သွားကြတဲ့ ရှောင်း နဲ့ ဟော်ရှင်း ကို ကြည့်ပြီး ဘယ်သူ့ကို စိတ်တိုရမှန်း မသိပဲ အပေါ်ကို ခေါင်းမော့ ရယ်ရင်း စိတ်ကို ထိန်းလိုက်သည်။

ပြီးတော့ ရှောင်း သူ့ကို ငြိုငြင်သွားမှာ နည်းနည်းမှ မလိုလားတဲ့ ဝမ် သခင်လေး သည်လည်း ရှေ့ခန်းမှာ လိုနေတဲ့ ကားမောင်းသူ နေရာမှာ ဝင်ထိုင်ရင်း ကား ကို မောင်းထွက်လိုက်ပါတယ်။

~~~~~~~~~
နာမည်ကြီး စားသောက်ဆိုင်ရဲ့ Rooftop မှာတော့ ခင်းကျင်းထားတဲ့ စားပွဲဝိုင်းတိုင်း စားသုံးသူတွေနဲ့ ပြည့်နေပါတယ်။

' နေရာက မိုက်တယ်နော် ...။'

မုလုံ အပေါ်စီးကနေ တစ်မြို့လုံးကို မြင်နေရတဲ့ မြင်ကွင်းကြောင့် သဘောတွေ ကျနေတယ်။ ကြည့်စရာတွေ အပြည့်အဝ ကြည့်ပြီးသွားတော့မှ စားပွဲဝိုင်းဘက်ကို ပြန်လှည့်လာတော့ အရှေ့မှာ ချထားပေးတဲ့ ပန်းကန် ကို ကြည့်ပြီး မျက်နှာက ရှုံ့မဲ့ သွားသည်။

' ဒါပေမယ့် စားစရာ က ဘာလို့ စုတ်ပဲ့ နေတာလဲ ...။ ကြည့်အုံး အသားကိုလည်း တစ်တုံးပဲ ထည့်ပေးတယ်။ ဘေးမှာလည်း ဘာမှန်းတွေ မသိဘူး ...။'

မုလုံ ပြောလည်း ပြော သူ့ တပည့်ကို ကြည့်တော့လည်း သူ့ ပန်းကန်လိုပဲ ဖြစ်နေတယ်။

' မင်း ကော စားရတာ အဆင်ပြေရဲ့လား ...။'

တကယ်တော့ တပည့်ကလည်း ပန်းကန် ရောက်လာကတည်းက ခုထိ မစားရသေးပါ။ အကြောင်း က ဘယ်လို စားရမလဲ မသိတာပင်။ ဇွန်း လည်း မပါဘူး။

ဟုန်လုံ ဆရာ ရိပေါ်များ ဒီဘက်က နှစ်ယောက် ဖြစ်နေတာကို ပြောပြမလား ဆိုပြီး ကြည့်ပေမယ့် ဆရာ ရိပေါ်က သူ့ရဲ့ အသည်းအသက်ကိုပဲ ဂရုစိုက်နေတာ မြင်ရတော့ သူကပဲ ဒီဘက်က နှစ်ယောက်ကို အဆင်ပြေအောင် ပြောပြပေးရတော့သည်။

What's wrong? ( Completed )Onde histórias criam vida. Descubra agora