' ကိုကြီး ကျနော့်ကို ပြော။ မာမီ့ကိုသာ အရင်လို ပြန်ဖြစ်အောင် ကုပေးနိုင်မယ်ဆို ကျနော်လည်း ကူညီချင်တယ်။'

ဒီမွန် ထိုင်ခုံပုလေး မှာ ထိုင်ရာကနေ ထ ရပ်လိုက်ပြီး ဆံပင် အညိုရောင်နဲ့ သူ့ညီလေးရဲ့ ခေါင်းကို ပွတ်လိုက်ရင်း ...

' မလိုပါဘူးကွာ။ ကိုကြီး တစ်ယောက်လုံး ရှိနေတာ။ ကင်း ရဲ့ တာဝန်က အခုချိန် စာကြိုးစားရမယ့် အရွယ်ပဲ ရှိသေးတယ်။ အဲ့ဒါကြောင့် ကျန်တာ ဘာမှ မတွေးပဲ စာ ကိုပဲ အာရုံစိုက်။ ဟုတ်ပြီလား ...။'

ကင်း ကိုကြီး ကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူ ယုံတယ်လေ။ ကိုကြီး က ပြောရင် ပြောတဲ့ အတိုင်း ဖြစ်အောင် လုပ်တတ်ပြီး ... လုပ်လို့လည်း ရနိုင်တဲ့ အခြေနေ ရှိတယ်ဆိုတာ။

' ကဲ ... ခုမှ ကျောင်းက ပြန်လာတာ မလား။ သွား ... ခဏ နားပြီး ရေချိုးလိုက်။ ပြီးရင် ကိုကြီး နဲ့ အပြင် သွားကြမယ်။'

' ဟုတ် ...။'

ဒီမွန် သူ့ညီလေး ကို ပြောပြီး သူလည်း အခန်းထဲက ထွက်လာလိုက်ရင်း ဘောင်းဘီ အိတ်ထောင်ထဲက ဖုန်းကို ထုတ်ပြီး နံပတ် တစ်ခုကို နှိပ်လိုက်သည်။

~~~~~~~~~

' ကဲ ... လိုက်မယ်ဆိုလည်း စူပုပ်မနေပဲ ဟုန်လုံ ရဲ့ ကား နဲ့ လိုက်။ ဒီမှာ ကန့်လန့် ကန့်လန့် လာမနေနဲ့ ...။'

' လေးလေး တို့ ကားနဲ့ လိုက်တော့ ဘာဖြစ်လို့လဲ ...။'

' ငါ နဲ့ ရှောင်း ကြား မှာ ဘယ်သူမှ မရှိစေချင်လို့ပေါ့။'

' တော်ပြီ ... မလိုက်တော့ဘူး။'

' အေး ... မလိုက်တာ ပိုကောင်းတယ်။'

ရှောင်းကျန့် မြင်နေ ကြားနေရတာတွေကြောင့် ခေါင်းတွေ ကိုက်လာသည်။

' ရိပေါ် ... ခင်ဗျား က ဘာလို့ ကလေးနဲ့ ကန့်လန့် လိုက်ပြောနေတာလဲ ...။ မခေါ်သွားချင် ထားခဲ့လိုက်တော့ပေါ့။'

ရိပေါ် စိတ်မကြည်ပါဘူးဆို ရှောင်း ဆီက နာမည်ခေါ်ခံရပြီး ခင်ဗျား လို့ပါ ထပ်ပြောခံရတာကြောင့် ပက်ခနဲ ပြန်ပြောလိုက်သည်။

' ထားခဲ့မလို့ပဲ ...။ သူက လိုက်ပါရစေဆိုပြီး အသနား လာခံနေတာလေ ...။ အခု လိုက်ခိုင်းတော့လည်း မဟုတ်ပြန်ဘူး ...။'

What's wrong? ( Completed )Opowieści tętniące życiem. Odkryj je teraz