030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား

Start from the beginning
                                    

ဤကိစ္စနှင့် ပတ်သက်၍ ချင်ယွီသည် အတွင်းရော အပြင် ရုပ်ရည်ပါ ထူးချွန်သူဖြစ်သည်။ ကျောင်းမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် သူကတော့ လူကြိုက်အများဆုံး အမျိုးအစားထဲမှာ ပါဝင်လေ၏။ မိန်းကလေးတွေက သူ့ဘေးမှာ အမြဲဝိုင်းအုံနေတာ အံ့သြစရာမရှိတော့ပေ။

ဟဲကျင့် က သူ့အကြောင်း ချီးကျူးစကားပြောနေတာကို ကြားတော့ ချင်ယွီရဲ့ နှုတ်ခမ်းထောင့် အကူအညီမဲ့စွာ ဖြင့် မြင့်တက်သွားတော့သည်။

"ပြီးတော့?"

"ငါ ထင်တာ မင်းလို လူက ကောင်မလေးကို စိတ်ကျေနပ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိလိမ့်မယ်လို့လေ" လမ်းခွဲလိုက်ချိန်မှာတောင် ထုန်ရွှမ် စီက ပျင်းစရာကောင်းတယ် စိတ်ကူးယဉ်မဆန်ဘူး ရှေးကျတယ်  တစ်ကိုယ်ကောင်းဆန်တယ် ပြီးတော့ ပျော့ညံ့တဲ့ ကြက်တစ်ကောင်လို့ တောင် စွပ်စွဲခံခဲ့ရတဲ့ သူနဲ့မတူဘဲလေ (=_=) ...

ဟဲကျင့် က သက်ပြင်းတစ်ချက်ချရင်း သူမ ချစ်သူအဖြစ် နေခဲ့ချိန်တွင်  သူမကို ဆက်ဆံရာမှာ တကယ်ကို ဆိုးဝါးခဲ့တာပဲဖြစ်နိုင်ပါတယ်။

ထုန်ရွှမ် က တည်ငြိမ်သွားသည်နှင့် သူ့ကို တောင်းပန်လာသေးသည်။ သူမက စိတ်ထဲက ပါ၍ မဟုတ်ပဲ သွေးပူနေတုန်းပြောခဲ့ခြင်းပင်။ သို့သော်လည်း သူ့အား ထိုစကားကို အော်ဟစ်ငိုယိုကာပြောခဲ့သော ထုန်ရွှမ် ၏ မျက်နှာမှာ ဟဲကျင့် အတွက် စွဲထင်ခဲ့ပြီဖြစ်သည်။

၎င်းသည် သူ့အား ထုံကျင်နေသော စိတ်ဝိညာဉ်ကို ဆန်းစစ်ကာ  ရှာဖွေတွေ့ရှိရန် တွန်းအားပေးခဲ့သည်။သူမ ပြောခဲ့သည့် အရာ အားလုံးသည် အမှန်ဖြစ်ပုံပေါ်သည်... သူသည် သူ့ကိုယ်သူ အလွန်ရွံရှာမိသည်-

ဟုတ်သည် ဟဲကျင့် ကိုယ်တိုင်ပင် သူ့ကိုယ်သူ မကြိုက်ခဲ့ပေ။

ထို့ကြောင့် ဂိမ်းထဲတွင် မီး နှင့်တွေ့ပြီး လွန်ခဲ့သည့် ရှစ်နှစ်ကတည်းက အခြားလူက သူ့ကို စောင့်နေကြောင်း သိလိုက်ရသောအခါ ဟဲကျင့် သည် မယုံနိုင်လောက်အောင် ခံစားခဲ့ရသည်။ သူ့လိင်အစစ်အမှန်ကို ဝန်ခံရင် သူတို့ ပြဿနာ တက်မှာကို သူကြောက်သည်။အမုန်းမပွားချင်ပေ။ပြီးတော့ သူဒီလို လှလှပပဆက်ဆံခံရဖို့လည်း ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါပေ.....

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now