028:ယောကျာ်း ကောင်းသောညပါ

Magsimula sa umpisa
                                    

World ချန်နယ်'ပူနွေးသောရာသီဥတု'- "အပေါ်က မှတ်ချက် ပုပ်ပွနေရော!"

World ချန်နယ်'မြောင်ဆရာကြီး'- "ငါ ဒီအမျိုးသမီးအဖွဲ့တွေကို မြင်ရတာ အရမ်းပျင်းတာပဲ နေ့တိုင်း သူတို့ပြောနေကြတာက ကြီးမြတ်တဲ့ နတ်ဘုးရားကဟိုဟာဖြစ်တယ် ကြီးမြတ်တဲ့ နတ်ဘုးရားကဒီဟာဖြစ်တယ်နဲ့ မင်းတို့ရဲ့ ဦးနှောက်တွေက လွတ်နေကြတာပဲ!"

World ချန်နယ် 'ငါဂုဏ်ယူစွာနဲ့ ပြုံးတယ်'- "အိုး  မြောင်ဆရာကြီးရဲ့ ကိုအော်ဒီနိတ်က  238,123မှာပဲ အဖွဲ့ဖွဲ့ပြီး သူ့ကိုသတ်လိုက်ကြရအောင်။"

World ချန်နယ်'မြောင်ဆရာကြီး : "..."

......

ပန်းယီယီသည် World ချန်နယ်ကို တိတ်တဆိတ် ကြည့်နေသည်။ သူမလည်း အဖွဲ့ထဲမှာရှိပေမယ့် Dungeon တိုက်ပွဲမှာ ဘာမှမပါဝင်ခဲ့တာကြောင့် သူမရဲ့နာမည်ကို စခရင်မှာ မပြထားပေ။ ဤအတောအတွင်း ဟဲကျင့် ၏အဆင့် သည် ဝိညာဉ်အိမ်မွေးတိရစ္ဆာန်တစ်ဦးဖြစ်သော်လည်း သူသည် တကယ့်ကစားသမားဖြစ် သဖြင့်စနစ်က သူ့ကိုအသိအမှတ်ပြုဆဲဖြစ်သည်။

World ချန်နယ်ရှိ စကားပြောဆိုမှုများသည် သူမ၏ အတွင်းမှ ဝေဒနာဟောင်းကို တူးဆွနေသောကြောင့်  အမြန်ပိတ်လိုက်တော့သည်...

နတ်သမီးလေးအားကျင်း ထိုသူကို ပန်းယီယီ လည်းမှတ်မိသည်။ သူမသည်နှလုံးသားမဲ့ ကို အမြဲအာရုံစိုက်ခဲ့ပြီး ထိုအချိန်တုန်းက နတ်သမီးလေးအားကျင်း ကို အဘယ်ကြောင့် ပြန်ဖြေခဲ့လဲလို့ လျှို့ဝှက်စွာ မေးခဲ့သည်။သို့ပေမယ့် နှလုံးသားမဲ့သည် သူမကို ဘယ်တုန်းကမှ အဖြေမပေးခဲ့ပေ။

အခုတော့ အကြောင်းရင်းကို သူမသိပြီဖြစ်သည်။ ထို ကစားသမားနာမည်သည် သူ့မိန်းမနဲ့နာမည်နဲ့ ဆင်တူတာကြောင့် သူ့မိန်းမ ပြန်လာပြီလို့ သူထင်ခဲ့တာပင်။

တစ်နည်းအားဖြင့် ပန်းယီယီသည် ထို နတ်သမီးလေးအားကျင်း ကို စာနာနိုင်သည်ဟု ခံစားမိသည်။ သူမ၏ အခြေအနေသည် ယီယီ ကိုယ်တိုင်နှင့် ဆင်တူသည်။ ကိုယ့်ကိုယ်ကိုယ် အထူးတလည်တွေးပြီး နောက်မှ အမှားမှန်းသိနေရတာမျိုး ။ သူတို့နှစ်ယောက်စလုံးဟာ "မူလ" လူအပေါ်တွင် မနာလိုစိတ်နဲ့ ကျန်ရစ်ခဲ့ကြရရုံသာ...

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon