026:Demonic Dungeon ထဲဝင်မယ် 2

Start from the beginning
                                    

ဟဲကျင့်: "..."

ထို့နောက် ဟဲကျင့် သည် အဖွဲ့ထံသို့စာပို့လိုက်သည်။

"အားလုံးမင်္ဂလာပါ ငါက နတ်သမီးလေးကျင့်ပါ"

ပြီးတော့ မီး ဆီသို့ သီးသန့် မက်ဆေ့ချ် ပို့လိုက်သည်။

"ကြိုးကြာရိုင်းလေး နဲ့ လွင့်မျောတိမ်တိုက် က ညီအစ်ကိုတွေလား?"

〖 သီးသန့်စကားပြောခန်း : မီး〗- "ငါတော့ မထင်ပါဘူး တစ်ယောက်နဲ့တစ်ယောက် ပေါ့ပေါ့ပါးပါးပဲ အစ်ကိုလို့ ခေါ်တဲ့ ဆက်ဆံရေးနေမှာပေါ့"

တစ်ချိန်တည်းတွင် အဖွဲ့၏စကားပြောဆိုမှုသည် တက်ကြွလာခဲ့သည်။

〖 Team〗 - ရေသေ - "အို၊ ဇနီးလေးက နောက်ဆုံးတော့ ပြောလာပြီ"

〖 Team〗 -ကိုးခန်းမ အရှင်မင်းမြတ် - "ဟားဟား မရီးရှောင်ပိုင် မင်းကိုယ်မင်း မိတ်ဆက်ပေးချင်လို့လား?"

ဟဲကျင့် က သူ့ကိုယ်သူ ဘယ်လိုမိတ်ဆက်သင့်တယ်ဆိုတာ မသေချာပဲ ရှက်ရွံ့နေခဲ့သည်။ သူတွေးနေတုန်းမှာပဲ မီး ကပြောလာသည်။

"မင်း စကားမပြောချင်ဘူးဆိုရင် ပြောစရာ မလိုဘူး။ ငါ သူတို့ကို ကိုင်တွယ်လိုက်မယ်။"

〖 Team〗 - နှလုံးသားမဲ့မီး - "လျှောက်စ မနေနဲ့ကြနဲ့ ငါ့မိန်းမ ကရှက်တတ်တယ် သူမက သိုသိုသိပ်သိပ်ပဲ နေချင်တာ။"

ထိုစာကြောင်းကို ကြည့်လိုက်တော့ဟဲကျင့် သည် ရုတ်တရက် အနည်းငယ် ရင်ထဲထိသွားတော့သည်။ ကီးဘုတ်ပေါ်တွင် လက်ကိုတင်ကာ စကားလုံးအချို့ကို ရိုက်ထည့်လိုက်သည်။

〖 Team〗 – နတ်သမီးလေးကျင့် : "ငါက နှလုံးသားမဲ့ မီးရဲ့ ဇနီးဖြစ်ပြီး တက္ကသိုလ်တက်နေတုန်းပါ။ ကျေးဇူးပြုပြီး အားလုံးပဲ ဂရုစိုက်ပေးကြပါဦး။"

"ဇနီး" ဟူသော စကားလုံးကို ရိုက်ထည့်လိုက်သောအခါ ဟဲကျင့် ၏ လက်ချောင်းများသည် အနည်းငယ် တုန်ယင်နေသည်။ သူ့သမာဓိက တစ်ဖန် ကျဆင်းသွားသလို ခံစားလိုက်ရတယ်...

အမှန်မှာဂိမ်းတစ်ခုတွင် ကိုယ်ရေးကိုယ်တာအချက်အလက်များကို အလွန်အကျွံဖော်ပြရန်မလိုအပ်သော်လည်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သို့မဟုတ် သင်နေထိုင်သည့် ယေဘူယျဒေသကဲ့သို့ အချက်အလက်အနည်းငယ်ကို ပြောခြင်းသည် သင့်ကို အခြားသူများနှင့် ဆက်သွယ်ခြင်းကို နက်ရှိုင်းစေနိုင်သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now