အပိုင်း - ၂၃။

Start from the beginning
                                    

ပြော၍ထသွားသော တီတီ့အားကြည့်ရင်းကျန်နေခဲ့သည်။ အကြင်နာစိတ်က နှစ်ခွဖြစ်နေပြန်သည်။ လိုက်ရင် ကောင်းလား ၊ မလိုက်တာ ကောင်းမလားဆိုရင်ဖြင့်။

နောက်ဆုံးတော့လဲ လိုက်ဖြစ်သွားမှာကိုသိပါသည်။
အခုထဲက မြန်မြန်ဆန်ဆန်ရေချိုးထားသည်။ ခနနေလောက်ဆို သွားကြတော့မှာလေ။ ဒါကြောင့် အခုထဲက ပြင်စရာရှိတာပြင်နေသည်။

" အကြင်နာရေ! သွားမယ်လေ။ "

" လာပြီ ... လာပြီ! "

တီတီလှမ်းခေါ်၍ ပါးစပ်ကလာပြီဟုအော်ကာ ခပ်သွက်သွက် အောက်ထပ်သို့ဆင်းလာလိုက်သည်။
အကြင်နာမစောင့်နိုင်တော့ပါ။ မွေးနေ့ရှင်ကို တွေ့နေချင်နေသည်မှာ မနေနိုင်။ ခဏနေ တွေ့ရတော့မှာသိသော်လည်း အခုအချိန်ကိုပါ ကျော်ပြီး တွေ့တဲ့အချိန်ကိုသာ ရောက်လိုက်ချင်နေသည်။

နောက်ဆုံး အကြင်နာမောင်းနှင်လာသည့်ကားဟာ အရင်က ခဏခဏ လာချင်နေသည့် အိမ်ရှေ့သို့ရောက်ရှိလာသည်။ အိမ်ကခြံစောင့်ဖြစ်ပုံရသည့် လူကတခါး
လာဖွင့်ပေးသည်။ ကြည့်ရတာတီချယ်ခြံစောင့်တွေပါ ထားလိုက်ပုံရသည်။ အရင်ကမရှိပေ။ တခါးပွင့်တာနှင့် ခြံအတွင်းသို့ ကားဝင်လိုက်သည်။

အိမ်ပေါက်ဝကိုကြည့်မိတော့ အဝါရောင်ပါတိတ်ဝမ်းဆက် ဝတ်ထားသည့်တီချယ်။ နှစ်တွေသာကြာသွားတာ တီချယ်က ယခင်အတိုင်းလေးပဲဖြစ်နေသည်။
ဆံပင်ကိုထုံးထားတာလားမဟုတ်ပဲ တစ်ဝက်သာစီးထားသဖြင့် ၄၀ကျော်က ၄၀ကျော်နှင့်တောင်မတူ။
ကားရပ်ရာဘက်ကို ကြည့်ကာပြုံးရွှင်နေတာကို တွေ့ရတော့ တီချယ်မှာဘာအပူအပင်မှမရှိတော့တာ သေချာလောက်ပါသည်။

" ခက်ဝါ! ငါ့ညီမလှလိုက်တာဟယ်။ ကြည့်ဦး...နုလိုက်တာ။ "

မေမေ့အသံကြောင့် ပြုံးကာထိုအိမ်ပေါက်ဝဘက်ကိုကားတခါးပိတ်ရင်း လှမ်းကြည့်လိုက်သည်။ မေမေပြောလဲပြောချင်စရာ တီချယ်က တော်တော်နုနေတာကို။ အကြင်နာကသာ အခုမှကားတခါးပိတ်လို့ပြီးတာ မေမေနှင့်တီတီက အိမ်ပေါက်ဝတောင်ရောက်ခြေပြီ။

" အိမ်ထဲအရင်ဝင်ကြပါဦး "

တီချယ့်အသံကြားမှမေမေက ချီးကျူးစကားပြောနေတာရပ်ပြီး တီချယ်နှင့်ရှေ့က အရင်ဝင်သွားသည်။ အနောက်ကတော့ တီတီနှင့် အကြင်နာပေါ့။ အိမ်ထဲဝင်တာနှင့် တီချယ်က တစ်ချက်မှမကြည့်သေး၍ လူက လျစ်လျုရှုခံထားရသလိုဖြစ်ကာ စိတ်ထဲကသိကအောက်ဖြစ်လာရသည်။ တီချယ်တစ်ယောက်ပဲ လျစ်လျူရှုထားတာလေ။

ချစ်မိသွားချိန်၌Where stories live. Discover now