"Papaသိပါတယ် ခုလဲမတောင်းဆိုသေးဘူး အခြေအနေလေးကြည့်ပြီးမှပေါ့"

"Goodluckပါ Papa!"

"အမလေး ချစ်စရာလေး"

Harry မှာ Scorpius အား ချစ်မဝနိုင်ဖြစ်လို့နေခဲ့သည်။ဒီဘက်ကမ္ဘာမှာ ပျင်းခြောက်ခြောက်ကြီးလို့ သူထင်ခဲ့သမျှ ပြောင်စပ်စပ်နိုင်တဲ့ Malfoyနှင့် ချစ်စရာကောင်းလှသော Scorpiusတို့ကြောင့် ထိုအတွေးတွေ သူ့ထံမှပျောက်စလုနေပြီဖြစ်၏။

"သားငယ်လေး Papa မုန့်လုပ်ကျွေးမယ် စားမလား"

"ဟုတ်"

သားအဖနှစ်ယောက် တက်ညီလက်ညီနှင့် မီးဖိုချောင်ဆီသွားကာ မုန့်လုပ်နေကြတော့လေသည်။

"ဂျုံမှုန့်သရဲကြီးကွ!"

"အား!!ကယ်ကြပါ ကယ်ကြပါ!!"

မုန့်လုပ်မယ်ဆိုပြီး ဂျုံမှုန့်တွေနှင့် ဆော့နေကြသော သားအဖနှစ်ယောက်အား အိမ်အကူများက ပြုံးရျ်ကြည့်နေကြလေသည်။

"သားလေး ကြက်ဥနှစ်တွေ အပြင်စင်မယ် ဖြည်းဖြည်းမွှေနော်"

"ဟုတ်ကဲ့ Papa!"

ပေပွနေသော Scorpiusအားကြည့်ကာ Harry ရယ်မိသည်။သူ့သားလေးက ဘယ်လိုချစ်ဖို့ကောင်းလို့ကောင်းမှန်းမသိအောင် ချစ်ဖို့ကောင်းနေခဲ့သည်။

"ကဲ အခု အချိန်မှတ်ပြီး စောင့်ရုံပဲ!"

"ရေး!"

မြူးထူးနေသော ကလေးကို Harryကောက်ချီလိုက်လေသည်။Malfoyဆီက အမွေရထားတဲ့ ငွေရောင်ဆံနွယ်လေးတွေမှာကပ်နေတဲ့ ဂျုံမှုန့်ဖြူဖြူလေးတွေကို ခါပေးနေရင်း အလုပ်ရှုပ်နေလေသည်။

"ကားသံကြားတယ် Daddyပြန်လာပြီထင်တယ်"

Scorpiusက အပြေးကလေးထွက်သွားတော့ Harryက သူတို့ဆော့ထားလို့ ပွစာတက်နေတဲ့ မီးဖိုချောင်ကိုကြည့်တစ်ချက်ကြည့်လိုက်လေသည်။ပြီးတော့ ဘယ်ကဘယ်လို စရှင်းရမလဲသာ စဥ်းစားနေတော့သည်။
...
"Daddy"

"ဖေ့သားလေး လာပါအုံး"

Scorpiusကခုန်တက်တော့ Draco အသာဖမ်းလိုက်သည်။တကိုယ်လုံး ဂျုံမှုန့်တွေနဲ့ ပေပွနေတဲ့ သားဖြစ်သူကိုကြည့်ကာ

HARRY MALFOYΌπου ζουν οι ιστορίες. Ανακάλυψε τώρα